94 01
Chapter 94: အစ်ကို့ကိုခွင့်လွှတ်ပါတယ်
ရဲများသည် စိတ်ကျန်းမာရေးဆေးရုံနှင့်ဆိုင်သော အမှုအား လက်ခံပြီးသည့်နောက် ရန်သူအားအချက်မပေးမိစေရန် ဘာမှမဖြစ်သကဲ့သို့ ဟန်ဆောင်ခဲ့သည်။
အလုပ်အဖွဲ့၏ရုံးခန်းမှာ စိတ်ကျန်းမာရေးဆေးရုံနှင့် သိပ်မဝေးသော နှစ်ထပ်တိုက်အဆောက်အဦးထဲ၌ ရှိနေခဲ့သည်။ ထိုအခန်းမှစိတ်ကျန်းမာရေးဆေးရုံ၏ တံခါးအားမြင်နိုင်ကာ ဤအခန်းမှာ အလုပ်အဖွဲ့က စိတ်ကျန်းမာရေးဆေးရုံအား ကြီးကြပ်သည့် နေရာဖြစ်လာခဲ့သည်။
ယွီယောင်သည် ယွီလန်အား ဤအခန်းထဲ၌တွေ့ခဲ့သည်။ အခန်းထဲ၌ အလွန်ပြင်းထန်သော မီးခိုးနံ့ရှိနေကာ ယွီလန်သည် မီးညှိထားသော စီးကရက်အား ကိုင်ထားခဲ့သည်။
တံခါးဖွင့်သံကြားသောအခါ ယွီလန်သည်နောက်လှည့်ကာ သူ၏အကြည့်မှာ ယွီယောင်အပေါ် နူးညံ့စွာ ကျရောက်သွားခဲ့သည်။
သူ၏မျက်လုံးများမှာ နီရဲနေကာ သူ၏ဆံပင်မှာ နှစ်အချို့အသက်ကြီးလာသည့်အလား သူ၏နဖူးပေါ်တွင် ဖရိုဖရဲကျနေခဲ့သည်။
ယွီလန်သည် အတွေးထဲ၌မျောနေသည်မှာ သေချာသည်။ သူသည်သူမအားမည်သူမှန်းသတိမထားမိခင်တွင် အချိန်အကြာကြီးယွီယောင်အား စိုက်ကြည့်နေခဲ့သည်။
သူသည်ယွီယောင်အား ပြုံးပြခဲ့သည်။ ယွီလန်သည် သူ၏ညီမရှေ့၌ သူ၏ပုံရိပ်ကောင်းအား တမင်ပြသချင်နေခဲ့သည်။ "ယောင်ယောင်၊ နင်ဘာလို့ဒီကိုရောက်လာတာလဲ"
ယွီယောင်သည် အနားသို့လျှောက်လာကာ ယွီလန်၏ဘေး၌ မတ်တပ်ရပ်ခဲ့သည်။ "အစ်ကိုဒီမှာတစ်ယောက်တည်းပုန်းနေတယ်လို့ သူတို့ပြောလို့လေ။ ညီမနည်းနည်းစိတ်ပူလို့ လာကြည့်လိုက်တာ"
ယွီလန်သည်ခေါင်းငုံ့ကာ စီးကရက်အား ဖယ်ရှားပစ်ချင်နေခဲ့သည်။ သို့သော် ဆေးလိပ်ပြာခွက်ထဲတွင် စီးကရက်အကြွင်းအကျန်များဖြင့် ပြည့်နှင့်ပြီးသားဖြစ်နေသည်ကို သူတွေ့ခဲ့သည်။ သူသည်မြေကြီးပေါ်မှ စီးကရက်အကြွင်းအကျန်အား ပစ်ချကာ သူ၏ဖိနပ်ဖြင့်သာ နင်းချေနိုင်ခဲ့သည်။

YOU ARE READING
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Romanceဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...