Unicode
Chapter 21: အတင်းအဖျင်း
အယ်။ အတင်းပြောစရာရှိတယ်။
အနီးအနားတွင်ရှိသော အတန်းဖော်များသည် ဝိုင်းအုံသွားသော ခွေးတူဝက်တူများဖြစ်သွားပုံပေါ်သည်။ ဤအခိုက်အတန့်တွင် သူတို့သည်ဇာတ်လမ်း၏ရနံ့အားရရှိသွားခဲ့ပြီး သူတို့အားလုံးသည် တောက်ပနေသောမျက်လုံးများဖြင့် ကြည့်နေခဲ့ကြသည်။
စစချင်းတွင် ယွီယောင်မှာကြောင်သွားခဲ့သည်။ သူမသည်သူမ၏အရှေ့မှ ဤထူးဆန်းသောကောင်လေးအားမသိသော်လည်း အဘယ်ကြောင့် သူသည်သူမကို သူ၏ခံစားချက်များအားဆော့ကစားခဲ့သော အသည်းနှလုံးမရှိသည့်မိန်းကလေးတစ်ယောက် ကဲ့သို့မြင်အောင်လုပ်နေခဲ့သနည်း။
သူမသည် အချိန်မီမတုံ့ပြန်နိုင်ခဲ့ပါ။
သို့သော် သူမဘေးမှ အမျိုးသားနှစ်ယောက်သည် ဤဇာတ်ကွက်အတွက် အမျိုးသမီးဇာတ်ဆောင်မလိုသောကြောင့် ယွီယောင်သည်တုံ့ပြန်ရန်မလိုခဲ့ပါ။
ကောင်းချန်သည်သူ့စကားများပြောပြီးသည့်အခါ ရှောင်းလျန်သည် ချက်ချင်းပင်သူ၏တာဝန်ကို ထမ်းဆောင်လိုက်သည်။ သူ၏လက်ရှိကဏ္ဍမှာ ယွီယောင်၏ချစ်သူအသစ်ပင်ဖြစ်သည်။
ချစ်သူအသစ်အနေဖြင့် သူသည်ပို၍မာနကြီးသင့်သည်မဟုတ်လား။
ထို့ကြောင့်ရှောင်းလျန်သည် ကောင်းချန်အား မထီမဲ့မြင်ကြည့်လိုက်သည်။ “မင်းကဘယ်သူလဲ”
ကောင်းချန်သည် ယွီယောင်အား အချစ်မျက်လုံးများဖြင့်ကြည့်လိုက်သည်။ “ယောင်ယောင်၊ ကိုယ်ဘယ်သူလဲသူ့ကိုပြောလိုက်လေ”
ယွီယောင်သည် စိတ်ရှုပ်ထွေးသွားသည်။ “ဘာလို့ကျွန်မကိုမေးနေတာလဲ။ ရှင်ဘယ်သူလဲ ကျွန်မဘယ်လိုသိမှာလဲ”
ကောင်းချန်သည် ကြီးမားသော ထိုးနှက်ချက်အား ခံလိုက်ရသကဲ့သို့ နောက်သို့ဆုတ်သွားခဲ့သည်။ “ယောင်ယောင်၊ ကိုယ်တို့အရင်ကအတူတူဖြတ်သန်းခဲ့တဲ့ ပျော်စရာအချိန်တွေကိုမေ့သွားပြီလား။ မင်းဘာလို့ဒီလိုလုပ်ရတာလဲ”

YOU ARE READING
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Romanceဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...