Part 28

3.2K 315 2
                                    

Unicode

Chapter 28: အကြီးဆုံးအစ်ကို

ရသစုံရှိုးတွင် ရင်းနှီးမြုပ်နှံရန် ယွီလန်နှင့် ညှိနှိုင်းပြီးနောက် ယွီကျွယ်သည် အိမ်သို့မပြန်ခဲ့ပေ။ သူသည် ယွီယောင်၏အချိန်စာရင်းအား စစ်ဆေးခဲ့ပြီး သူမသည် မနက်ပိုင်းအတန်းများ ပြီးသွားသည်ကို သိခဲ့သည်။ ထို့ကြောင့် သူသည် သူမနှင့်နေ့လည်စာစားရန် တက္ကသိုလ်သို့သွားမည်ဟု ဆုံးဖြတ်လိုက်သည်။

ရက်အနည်းငယ်ကြာအောင် မရပ်မနားပြေးလွှားနေသော ယွီကျွယ်သည် လုံးဝမောပန်းပုံမပေါ်ပေ။ သူသည် ယွီယောင်၏ တက္ကသိုလ်သို့ သွားရန် အဝတ်အစားလဲကာ ဦးထုပ်နှင့်နှာခေါင်းစည်းတပ်၍ သူ့ကိုယ်သူ တင်းတင်းကျပ်ကျပ် ဝတ်ဆင်ထားသည်။

သူ ရောက်လာပြီးနောက် ယွီကျွယ်သည် တက္ကသိုလ်၏အသွင်အပြင်နှင့် မရင်းနှီးကြောင်းသိရှိခဲ့ပြီး ယွီယောင်အား မည်သည့်နေရာတွင်ရှာရမည်ကို မသိ‌ခဲ့ပေ။ သူသည် မုန်းစရာကောင်းသော ယွီဟန်ကိုသာ သည်းမခံနိုင်ပဲခေါ်ခဲ့သည်။

ယွီဟန်သည် ယွီလန်ရောက်ရှိမှုအား အလွန်အံ့ဩသွားခဲ့သည်။ "မင်း ပွဲအတွက် မြောက်ပိုင်းမြို့ကို သွားတာမဟုတ်ဘူးလား။ ဘာလို့ အစောကြီးပြန်လာတာလဲ"

ယွီကျွယ်သည် အငြှိုးများနှင့် ပြောလိုက်သည်။ "ငါသာ ပြန်မလာရင် မင်း ငါ့ညီမကို လုယူသွားမှာစိုးလို့"

ယွီဟန် ရယ်လိုက်သည်။ "မင်းဘာတွေပြောနေတာလဲ။ သူက ငါ့ညီမလည်း ဖြစ်တယ်လေ"

အတန်းချိန်မရှိလျှင် ယွီယောင်သည် တက္ကသိုလ်အဆောင်တွင် အများဆုံး ရှိနေတတ်သည်ကို ယွီဟန်သည် ယွီကျွယ်အား မပြောခင် ညီအစ်ကိုနှစ်ယောက်မှာ အတော်ကြာအောင် ရန်ဖြစ်လိုက်ကြသည်။ သူမသည် ညနေခင်းတိုင်း အိမ်ပြန်သော်လည်း နေ့လည်၌ ထိုနေရာတွင် သူမအနားယူရန် အဆောင်ထဲတွင် အခန်းယူထားဆဲဖြစ်သည်။

ယွီကျွယ်သည် ယွီယောင်၏အဆောင်အား မရှာခင် အကြိမ်ပေါင်းများစွာ ကျောင်းဝင်း‌တွင် လှည့်ပတ်မေးကြည့်နေခဲ့သည်။

အဆောင်၏ဝင်ပေါက်တွင် လူအုပ်အကြီးကြီး ရှိနေသည်။ အချို့လူများသည် ဖုန်းများကိုပင် ကိုင်ထားကာ လူအုပ်အလယ်ရှိ လူ၏ဓာတ်ပုံများ သို့မဟုတ် ဗီဒီယိုများရိုက်နေကြသည်။

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Wo Geschichten leben. Entdecke jetzt