Part 158

600 34 0
                                    


Chapter 158: သေဆုံးခြင်း

ဤလူသည် အလွန်အရပ်ရှည်ကာပိန်ပါးလှသည်။ သူသည် သူ၏ခေါင်းပေါ်တွင် ဦးထုပ်ဆောင်းထားကာ သာမန်အနက်ရောင်ဝတ်စုံအား ဝတ်ဆင်ထားခဲ့သည်။ မည်သူကမျှ သူ့တွင်မည်သည့်အင်္ဂါရပ်များရှိသည်ကို မပြောနိုင်ပေ။

ဝမ်ပင်းသည်ထိုလူအား မြင်သည်နှင့်တစ်ပြိုင်နက် ကျယ်လောင်စွာအော်ခဲ့သည်။ "နင်ဘယ်သူလဲ။ ဘာလို့ငါ့ကိုပြန်ပေးဆွဲခဲ့တာလဲ။ ငါကသာမန်လူပဲ။ ငါ့မှာပိုက်ဆံမရှိဘူး။ နင်ပိုက်ဆံလိုရင် ငါ့ဘေးကမိန်းမငယ်လေးဆီကတောင်းလိုက်။ သူ့အဖေအရင်းက S City မှာအချမ်းသာဆုံးလူပဲ။ သူ့မိသားစုကချမ်းသာတယ်..."

ယွီဝမ်သည် ဝမ်ပင်းအား အံ့ဩတကြီးနှင့်‌ဒေါသများဖြင့်ကြည့်ကာ အဘယ်ကြောင့် မိခင်တစ်ယောက်မှာ သူမ၏သမီးအား ဤကဲ့သို့ဆက်ဆံသည်ကို မေးချင်နေခဲ့သည်။

သို့သော် သူမ‌မပြောနိုင်ခင်တွင် လမ်းလျှောကိလာသောလူမှာ စိတ်မရှည်သည့်ပုံနှင့် စုတ်တစ်ချက်သပ်လိုက်ကာ စကားများနေသည့်အမျိုးသမီးအား သေနတ်ဖြင့်ချိန်ရန် သူ၏လက်အားမြှောက်လိုက်သည်။

ဝမ်ပင်း၏ရင်ဘတ်မှ သွေးများပန်းထွက်လာသောကြောင့် သူမ၏စူးရှ၍နားငြီးသောအသံမှာ ရုတ်တရက်ရပ်တန့်သွားခဲ့သည်။

ယွီဝမ်မှာ မသိစိတ်ကအော်ချင်နေခဲ့‌သော်လည်း ထိုလူမှာတည်ငြိမ်စွာပြောလိုက်သည်။ "အရမ်းနားငြီးတာပဲ"

အော်ဟစ်သံမှာ အားဖြင့်ဖိနှိပ်ခံခဲ့ရသည်။ ယွီဝမ်သည် သူမ၏မိခင်ကဲ့သို့ တူညီသည့်အခြေအနေမျိုး အဆုံးမသတ်ချင်ခဲ့ပေ။ သူမသည် ချီတုံချတုံဖြစ်နေခဲ့သည်။ "ရှ-ရှင်ဘယ်သူလဲ။ ဘာလို့ကျွန်မတို့ကို ပြန်ပေးဆွဲတာလဲ။ ရှင်တစ်ယောက်ကိုတောင်သတ်လိုက်ပြီ..."

ဘေ့စ်ဘောဦးထုပ်နှင့်လူမှာ သူ၏ခေါင်းလှည့်လိုက်ကာ ဇဝေဇဝါဖြစ်နေသောအသံဖြင့်ပြောလိုက်သည်။ "ထူးဆန်းလိုက်တာ ယွီဝမ်။ နင်တကယ်လူသတ်ရတာကိုကြောက်တာလား။ နင်ဆယ်ကျော်သက်အရွယ်ကတည်းက အခြားသူတွေရဲ့ဘဝကို ယူဖို့စကြံစည်နေမှန်း ငါမှတ်မိတယ်"

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Hikayelerin yaşadığı yer. Şimdi keşfedin