အခန်း ၁၁

4.8K 457 3
                                    

Unicode

Chapter 11: ကျွန်မဒီတိုင်းထွက်သွားချင်တာပါ

ယွီယောင်သည် လှေကားထောင့်နားသို့ လျှောက်သွားခဲ့ပြီး ယွီကျွယ်၏ စကားများကို ကြားလိုက်ရသည်။

ယွီမိသားစုသည် ယွီဝမ့်အပေါ် မယုံကြည်တော့သလို အသိအမှတ်ပင်မပြုတော့ပါ။ ယွီဝမ်၏ ရန်သူတစ်ယောက်အနေဖြင့် ဝမ်းသာနေရမည်ဖြစ်သော်လည်း ဤအခိုက်အတန့်တွင် ယွီယောင်သည် ခါးသက်မှုကိုသာ ခံစားလိုက်ရသည်။ 

ယွီမိသားစုသည် ယွီဝမ်ဆီမှအညာခံမည့် အရူးများမဟုတ်တော့သည့်ပုံပေါ်သည်။ သူတို့သည် ယွီဝမ်၏သရုပ်မှန်ကို ရှင်းလင်းစွာသိခဲ့ကြသော်လည်း သူတို့သည် ယွီယောင်အား သူမထံမှ ခြောက်တွန်းခွင့် ပြုထားဆဲပင်ဖြစ်သည်။

ယွီဝမ်အား လုံခြုံမှုရှိစေရန် သူတို့သည် ရိုးသားသော ယွီယောင်အား သနားညှာတာမှုမရှိပဲ စိတ်ကျန်းမာရေးဆေးရုံသို့ ပို့ခဲ့ကြသည်။

ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်တတ်‌သော သွေးသားအား စွန့်ပစ်ခဲ့သင့်ပြီး အန္တရာယ်ရှိသော အမှိုက်အဖြစ် ခွဲခြားထားသင့်သည်။

ယွီယောင်၏အခန်းသည် အိမ်ကြီး၏စတုတ္ထထပ်တွင်ရှိသည်။ ၎င်းသည် မူလက သိုလှောင်ခန်းဖြစ်ခဲ့သည်။

သူမ၏ပိုင်ဆိုင်မှုများမှာလည်း သနားစရာကောင်းစွာ နည်းပါးနေခဲ့သည်။ အားကစားဝတ်စုံအချို့သာလျှင် ဗီရိုထဲတွင် ချိတ်လျက်ရှိ‌နေခဲ့သည်။ သူမသည် ခရီးဆောင်အိတ်သေးသေးလေးကိုပင် အပြည့်မဖြည့်နိုင်ပါ။

ယွီယောင်သည် ဝတ္ထုထဲတွင် အားကစားဝတ်စုံနှင့် ပတ်သက်၍ဇာတ်လမ်းတစ်ခုရှိပုံပေါ်သည်ကို သတိရမိသွားခဲ့သည်။ မင်းသမီးမှာ အိမ်ကြီးသို့ ပြန်လာသောအချိန်တွင် လက်ရာမြောက်သော ဝတ်စုံရှည်အား အရုပ်ကလေးတစ်ရုပ်လို ဝတ်ဆင်ထားသော ယွီဝမ်ကို တွေ့ခဲရသည်။

မင်းသမီးမှာလည်း ယွီဝမ်ကဲ့သို့ ဖြစ်ချင်သောကြောင့် သူမ၏ပုံစံကို စတင်၍ တုပခဲ့သည်။ သို့သော် ယွီဝမ်သည် ယွီယောင်အား သူမကိုရန်စနေသည်ဟု ထင်သောကြောင့် အခြားသူများအား လိုက်လံတုပသော လူပျက်အဖြစ် လှောင်ပြောင်ကာ ယွီမိသားစု၏အရှေ့တွင် သူမအား အရှက်ရစေခဲ့သည်။

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Donde viven las historias. Descúbrelo ahora