95 01
Chapter 95: အမျိုးသမီးအနုပညာရှင် ဆုဟယ်
ယွီလန်၏မေးခွန်းမှာ လုံးဝမလိုအပ်ပေ။ ယွီယောင်သည် အခက်အခဲအားကြောက်ရွံ့နေလျှင် သူမသည် ၎င်းအားဖြစ်စေသော လိပ်ပြာတစ်ကောင်အဖြစ် အစပြုလိမ့်မည်မဟုတ်ပေ။
စိတ်ကျန်းမာရေးဆေးရုံထဲမှ အမှုအား မုန်တိုင်းအဖြစ် သတ်မှတ်ပါက ၎င်းမှာအလွန်ရုတ်တရက်ဆန်ကာ အလွန်ပျက်စီးနိုင်သည်မှာ အသေအချာပင်ဖြစ်သည်။
နှစ်ရက်အတွင်း အနုပညာရှင်နှစ်ယောက်အား ရဲများမှ ဖမ်းဆီးခြင်းခံခဲ့ရသည်။ သူတို့ထဲမှတစ်ယောက်မှ ရိုက်ကွင်းတွင် အဖမ်းခံခဲ့ရသည်။ သူတို့အား ရိုက်ကူးရေးအဖွဲ့သားများနှင့် သူ့အားတွေ့ရန်လာကြသော ပရိသတ်များမှ ဓာတ်ပုံရိုက်ခဲ့ကြသည်။
ဤအနုပညာရှင်နှစ်ယောက်တို့ လုပ်ခဲ့သည့်အရာများအားလုံးကို လေ့လာစူးစမ်းနေကြသော အွန်လိုင်းပေါ်တွင် မရေရာသော ထုတ်ဖော်ပြောဆိုမှုများစွာရှိနေခဲ့သည်။
ထို့အပြင်ဖျော်ဖြေရေးမဟုတ်သည့် ဖိုရမ်များတွင် မကြာသေးမီက သတင်းများမှာ တစ်ခုခုမသင်္ကာစရာ ကောင်းသည်ဟု ပို့စ်တင်ခဲ့သော လူများလည်းရှိနေခဲ့သည်။
#ကျွန်တော်က နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ ဝန်ထမ်းတစ်ဦးပါ။ တနင်္လာနေ့က အစည်းအဝေးမှာ သူဌေးကိုမတွေ့ခဲ့ဘူး။ သူကပြစ်မှုကျူးလွန်ပြီး ရဲတွေကသူ့ကိုခေါ်သွားပြီလို့ပြောကြတယ်။ မကြာသေးမီက အပြစ်ကျူးလွန်ခဲ့တဲ့ အနုပညာရှင်နှစ်ယောက်အကြောင်းတွေးမိတော့ ကျွန်တော်အရမ်းကြောက်သွားမိတယ်...#
1L: ပို့စ်တင်တဲ့သူရေ ခင်ဗျားအတွေးလွန်နေပြီပဲ။ ခင်ဗျားအလုပ်က နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းပဲဖြစ်ပြီး ဖျော်ဖြေရေးနယ်ပယ်နဲ့ ဘာကိစ္စမှမရှိဘူးလေ။ ခင်ဗျားခေါင်းဆောင်ရဲ့ အဖြစ်အပျက်က ဘာလို့ အနုပညာရှင်ပါနေရတာလဲ။ မူရင်းပို့စ်တင်တဲ့သူရဲ့ စိတ်ကူးကို တကယ်အရှုံးပေးရလောက်တယ်....
2L: ဖြစ်နိုင်တာက ပို့စ်တင်တဲ့သူရဲ့ ခေါင်းဆောင်နဲ့ အဲ့ဒီအနုပညာရှင်နှစ်ယောက်က အမျိုးတွေဖြစ်မယ်။ မဟုတ်ရင် ပို့စ်တင်တဲ့သူက ဒီလိုမျိုးမပြောဘူးလေ ဟုတ်တယ်မလား။

YOU ARE READING
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Romanceဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...