110 01
Chapter 110: ပုံမှန်သဘောထား
ချမ်းသာသော မိသားစု၏ကလေးများအနေနှင့် ဝမ်မောင်နှင့် လျိုချန်မှာ ငယ်စဉ်ကတည်းက တရားဥပဒေအား မလိုက်နာခဲ့ကြပေ။ သူတို့သည် မည်သည့်ပြဿနာများ ဖြစ်နေပါစေ သူတို့၏လူကြီးများက သူတို့ကို ကာကွယ်ပေးလိမ့်မည်ဖြစ်သည်။ တဖြည်းဖြည်းနှင့် သူတို့သည် အကြောက်အရွံ့ကင်းမဲ့သော လူများဖြစ်လာခဲ့သည်။ သူတို့၏မျက်လုံးများထဲတွင် သူတို့သည် အထက်တန်းလွှာများအတွက် ချမ်းသာခြင်းအား အေးချမ်းစွာ ဖန်တီးနိုင်ကာ စီမံနိုင်မှုကို နေသားကျနေခဲ့သောကြောင့် ဥပဒေမှာ အနိမ့်တန်း ပြည်သူများအတွက်သာ ကန့်သတ်ထားရန်ဖြစ်သည်။
ထို့ကြောင့် သူသည် ရဲမှဖမ်းဆီးခြင်းခံရပြီး မိသားစုမှကယ်ဆယ်ခြင်းခံရပြီးနောက် ဝမ်မောင်မှာ ဒေါသထွက်နေခဲ့သည်။ ဆေးများသုံးစွဲပြီးနောက် သူ၏စိတ်ခံစားချက်များအား ရှေ့တန်းတင်ကာ ဆိုရှယ်မီဒီယာအကောင့်ပေါ်တွင် ပို့စ်တင်ခဲ့သည်။
သူသည် ဤကိစ္စအား လူ့အဖွဲ့အစည်းမှ အလွန်စိတ်ဝင်တစား တုံ့ပြန်ကာ ပေါက်ကွဲပစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ယခုမူ သူတို့သည် တရုတ်ပြည်မှ အမြန်ထွက်သွားနိုင်မည့်နည်းလမ်းကိုသာ တွေးနိုင်ကြသည်။
ဝမ်မောင်သည် တစ်ခုခုမှားသည်ကို လုပ်မိကာ အပြစ်ရှိသည်ကို သိနေခဲ့သည်။ သူသည်စိတ်ဆိုးသော်လည်း ပြန်မတုံ့ပြန်ရဲခဲ့ပေ။
သူသည်သူ၏မျက်နှာအား အုပ်ကာ ဒေါသတကြီးပြောလိုက်သည်။ "အဲ့ဒီဘိုင်ကျီက လူအိုကြီးပဲ။ သူစိတ်မာရင်တောင် ဘယ်လောက်မာနိုင်မှာလဲ။ အရင်က ငါတို့လွတ်လာတော့ သူတစ်ခွန်းမှမပြောခဲ့ဘူးမလား။ သူကအလုပ်အဖွဲ့ခေါင်းဆောင်ကို ငါတို့ကိုလွှတ်ပေးဖို့တောင် ဖိအားပေးခဲ့တာပဲ။ ဘာလို့ သူကအခု ငါတို့ကို လာဖမ်းရမှာလဲ"
"မင်း ခွေးကောင်။ ဘာမှလည်းမသိဘူး"
လျိုချန်သည် သူ၏လက်အားမြှောက်ကာ သူ့အားဆက်၍ရိုက်ချင်နေခဲ့သည်။ သို့သေည် ဝမ်မောင်သည် ဆိုဖာပေါ်ဘောလုံးသဖွယ် ကွေးနေသည်ကိုမြင်သောအခါ ဘာမှမထူးဟု သူထင်ခဲ့သည်။

STAI LEGGENDO
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Storie d'amoreဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...