60 01
Chapter 60: ဟာသ
စီးပွားရေးကိစ္စများ ဖြေရှင်းပြီးနောက် ရှောင်းလျန်သည် ဤမြင်ကွင်းအားတွေ့ကာ ရယ်လိုက်သည်။ "ဘုရင်ကြီးက မင်းကို ဆက်ဆံတာထူးခြားတာပဲ။ အရင်ကဆို ငါကလွဲပြီး ဘယ်သူ့ကိုမှ သူနဲ့နီးနီးကပ်ကပ် နေခွင့်မပေးဘူး"
"မဖြစ်နိုင်တာ။ သေချာတာကတော့ ဘုရင်ကြီးက အရမ်းချွဲပြီးလိမ္မာတဲ့ကြောင်ပါ"
ယွီယောင်သည် သူ့အားမယုံခဲ့ပေ။ သူမသည် ဘုရင်ကြီး၏အမွေးထူသောကြောင်မျက်နှာအား နူးညံ့စွာ ပွတ်သပ်ပေးခဲ့သည်။ ဘုရင်ကြီးပင်လျှင် သူ၏လျှာအားထုတ်ကာ သူမ၏မျက်နှာကို လျက်လိုက်သည်။ ယားကျိကျိဖြစ်သောကြောင့် ယွီယောင်သည် နောက်ဆုတ်သွားကာ ရယ်နေခဲ့သည်။
လက်ထောက်သည် ဘုရင်ကြီး၏ အပေါ့အလေးသွားသည့်သေတ္တာ၊ အစားအသောက်နှင့် အခြားအရုပ်တချို့အား လက်ဆွဲအိတ်ထဲသို့ ထည့်ပေးသည်။ ဘုရင်ကြီးသည် သူ၏ပစ္စည်းအား မြင်လိုက်ပြီးနောက် တစ်စုံတစ်ခုအား နားလည်သွားပုံရသည်။ သူသည် ရှောင်းလျန်အား အေးစက်စွာ အော်သံပေးကာ ခေါင်းကို ယွီယောင်၏လက်မောင်းထဲ၌ မြုပ်နှံထားလိုက် သည်။
ရှောင်းလျန်သည် သက်ပြင်းချကာ ဘုရင်ကြီး၏မေးစေ့အား ပွတ်သပ်ပေးရန် သွားခဲ့သော်လည်း ဘုရင်ကြီးမှာ သူ့အား သွက်လက်စွာ ရှောင်တိမ်းခဲ့သည်။ ဘုရင်ကြီးသည် သူ၏ကျောကိုပင် ကုန်းလိုက်ကာ ရှောင်းလျန်အား ပြန်အော်နေခဲ့သည်။ သူသည် အမှန်တကယ် ဒေါသထွက်နေပုံရသည်။
ယွီယောင်သည် အလျင်အမြန်ပင် ဘုရင်အား ပွေ့ဖက်လိုက်ကာ သူ့အားညင်သာစွာ ပွတ်ပေးခဲ့သည်။ "စိတ်မဆိုးပါနဲ့ ဘုရင်ကြီးရယ်။ သူ့ကို လျစ်လျူရှူကြတာပေါ့..."
ဘုရင်ကြီးအား သူမ၏ရင်ခွင်ထဲ၌ ပွတ်သပ်ပေးပြီးနောက် ယွီယောင်သည် ရှောင်းလျန်အား စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ "ရှင်ဘာလုပ်ခဲ့လို့လဲ။ ဘာလို့ ဘုရင်ကြီးက ရှင့်အပေါ် အရမ်းဆိုးနေရတာလဲ"
"ဒီကြောင်တော်လေးက ငါအလုပ်ခရီးသွားမှာကို သိသွားပုံရတယ်။ လက်ထောက်က သူ့အတွက် ထုတ်ပိုးပေးတာ သူမြင်ရင် ငါသူ့ကို နိုင်ငံခြားထပ်ခေါ်သွားမယ်ထင်နေတာ"
ВЫ ЧИТАЕТЕ
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Любовные романыဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...