Part 138

633 48 0
                                    

138 01

Chapter 138: မြည်လာသော တံခါးခေါင်းလောင်းသံ

ယွီဟုန်သည် ချန်းလင်၏အာရုံအား ရယူရန် နူးနူးညံ့ညံ့ ပြောဆိုခဲ့သည်။ သူသည် သူမအား ဆိုဖာပေါ်သို့ ခေါ်သွားကာ ထိုင်ချစေခဲ့သည်။ ထို့နောက် သူသည် ဝန်ထမ်းများအား ဧည့်ခန်းထဲမှ ကော်ဖီစားပွဲပေါ်သို့ အစားအသောက်သယ်သွားရန်ပြောကာ ယွီဟန်နှင့်ယွီယောင်အား သူ၏မျက်လုံးများနှင့် အချက်ပြခဲ့သည်။

ယွီဟန်သည် ယွီယောင်အား သူမ၏လက်များဆေးရန် ဆွဲခေါ်သွားခဲ့သည်။

သူသည် ယွီယောင်၏စိတ်ထဲမှ ရှုပ်ထွေးမှုအား မြင်နိုင်ပုံရသည်။ သူသည်သူ၏လက်များအား ဆပ်ပြာနှင့်ဆေးကာ ပြောလိုက်သည်။ "ငါကအစ်ကိုကြီးနဲ့ ခပ်ဆင်ဆင်လေ။ အမေရှေ့မှာ တစ်ယောက်တည်း ပေါ်သွားရင် သူငါ့ကိုအစ်ကိုကြီးနဲ့ မှားနိုင်ပေမယ့် သူကအစ်ကိုကြီးကိုတော့ ငါနဲ့မမှားဘူး"

သူ၏စကားများကြားသောအခါ ဤအခိုက်အတန့်တွင် သူသည်အနည်းငယ် ဝမ်းနည်းနေသည်ကို ယွီယောင်ခံစားမိခဲ့သည်။ သင်၏မိခင်မှာ သင့်အား တစ်စုံတစ်ယောက်နှင့် မှားနေလျှင် သင့်အတွက်သက်တောင့်သက်သာ မဖြစ်‌နိုင်ပေ။

သို့သော် ယွီဟန်သည် သနားမှုနှင့်နှစ်သိမ့်မှုအား မလိုအပ်ခဲ့ပေ။ သူသည်သက်ပြင်းချ၍ပြောခဲ့သည်။ "အမေကငါ့ကို ဂရုမစိုက်တာမဟုတ်ပါဘူး။ သူ့မှတ်ဉာဏ်ထဲမှာ ငါကတစ်နှစ်ပတ်လုံး သုတေသနဌာနရဲ့ ဓာတ်ခွဲခန်းထဲမှာ နေနေခဲ့လို့ပါ။ ပုံမှန်အားဖြင့် ငါကဖုန်း‌လည်းမခေါ်သလို ဗီဒီယိုကောလည်း မခေါ်ဘူးလေ။ ငါအမေနဲ့ အခြားမိသားစုဝင်တွေကို အရမ်းလျစ်လျူရှုခဲ့တာကြောင့် ဖြစ်မယ်"

ယွီယောင်သည် သူမ၏ပါးစပ်အားဟလိုက်သော်လည်း ဘာပြောရမည်ကို မသိခဲ့ပေ။

သူမသည်သူ့အား နှစ်သိမ့်ပေးချင်သည်ကို ယွီဟန်သတိထားမိပုံပေါ်သောကြောင့် သူသည်ပြုံးကာပြောလိုက်သည်။ "ယောင်ယောင်၊ ပြန်လည်မွေးဖွားလာပြီးနောက်ပိုင်းမှ ငါဒီအရာတွေကို နားလည်လာခဲ့တာ။ အခုငါက သုတေသနဌာနမှာ အလုပ်ကို‌လက်လျှော့လိုက်တာကြောင့် နင်နဲ့အတူရှိဖို့ အချိန်တွေပိုရသွားပြီ"

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Donde viven las historias. Descúbrelo ahora