75 01
Chapter 75: ကောင်းသောရဲ ဆိုးသောရဲ
ယွီဝမ်မှာ ယွီဟန်ကြောင့် လုံးဝဆွံ့အသွားသည် ကို မြင်သောအခါ ယွီလန်သည် ဤတစ်ကြိမ်၌ ယွီဟန်အား အနည်းငယ်မထောက်ခံသည့်လေသံနှင့် ဝင်ပြောခဲ့သည်။ "ယွီဟန် တော်တော့။ မင်းသဘောထားက ဘာပြဿနာကိုမှ ဖြေရှင်းနိုင်မှာမဟုတ်ဘူး"
ယွီဟန်မှာစိတ်မပျော်ရွှင်စွာနှင့် မျက်မှောင်ကြုတ်လိုက်သည်။ "အစ်ကိုကြီး၊ အခုထိတောင်မှ ယွီဝမ်ကိုကာကွယ်ပေးနေတုန်းလား။ သူသာအရင်တစ်ခေါက်က တိုက်ရိုက်ထုတ်လွှင့်မှုကိုမစခဲ့ရင် ကျွန်တော်တို့လည်း ဒီလိုများပြားတဲ့ လူထုအမြင်ကို ရင်ဆိုင်ရမှာမဟုတ်ဘူး။ အင်တာနက်ပေါ်မှာ အဲ့ဒီလူတွေ ဘာပြောနေကြလဲ ကြည့်ပါဦး"
"သူတို့ပြောတာကတော့ ယွီမိသားစုက တစ်တိုင်းပြည်လုံးကိုဖုံးလွှမ်းဖို့နဲ့ လူထုအမြင်ကို သက်သက်မဲ့ထိန်းချုပ်ဖို့ ကျွန်တော်တို့မြို့တော်ကိုသုံးတယ်လို့ပြောတာ။ ဒါကအဓိပ္ပာယ်မရှိမှန်းသေချာနေတာပဲ။ အကယ်၍ကျွန်တော်တို့သာ အခုလူထုအမြင်ဝန်းကျင်ကို သက်သက်မဲ့ထိန်းချုပ်နိုင်ရင် သူတို့အွန်လိုင်းမှာကျွန်တော်တို့ကို မကောင်းပြောဖို့အခွင့်အရေး ရှိပါဦးမလား"
ယွီဟန်၏တုန်လှုပ်နေသော အမူအရာအားတွေ့ရသောအခါ ယွီဟန်မှာသူ၏စိတ်ထဲ၌ ကြိတ်ရယ်နေခဲ့သည်။ ဤဇာတ်ညွှန်းမှာ သူတို့အတွက် ယွီယောင်မှ ပေးထားခြင်းဖြစ်သည်။ သူတို့သည် ယွီဝမ်အား စိတ်လျှော့သွားကာ သူတို့သည် သူမအားစိတ်ရင်းနှင့် ထပ်မံလက်ခံမည်ဟု ယုံစေရန် သူမ၏အရှေ့၌ သရုပ်ဆောင်ရန်လိုအပ်သည်။
သူတို့သည် ယွီဝမ်၏ယုံကြည်မှုအား ရရှိရန် သရုပ်ဆောင်ရမည်ဟု ယွီလန်မထင်မိသော်လည်း ယွီယောင်သည် ကလေးစိတ်သာရှိသေးကာ ကစားချင်နေသေးသောကြောင့် သူတို့သည် လည်းအလိုအလျောက် လိုက်ပြုမူခဲ့သည်။
ယနေ့မြင်ကွင်းတွင် ယွီဟန်သည် ယွီဝမ်အား ကိစ္စများအားခက်ခဲအောင် ပြုလုပ်သော အခန်းကဏ္ဍအဖြစ် သရုပ်ဆောင်ရန်တာဝန်ရှိသော အကျပ်ကိုင်တတ်သည့် ရဲဆိုးတစ်ယောက်ဖြစ်သည်။ ယွီလန်မှာမူ ရိုးသားဖြူစင်ကာ ခွင့်လွှတ်တတ်သည့် ကောင်းသောရဲဖြစ်သည်။ သူသည် ယွီဝမ်အား ကိစ္စများအဆင်ပြေချောမွေ့သွားအောင် လုပ်ပေးရန် တာဝန်ရှိသည်။ အဆုံး၌ သူသည် ယွီမိသားစုတစ်ခုလုံး၏ကိုယ်စား ယွီဝမ်၏မထင်မှတ်ပဲလုပ်မိသည့်အမှားအား ခွင့်လွှတ်ပေးကာ သူ၏အရှုပ်အထွေးများအား ရှင်းပေးရန် တာဝန်ရှိသည်။

YOU ARE READING
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Romanceဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...