Part 145

532 57 0
                                    


Chapter 145: အကွက်ချစီစဉ်ခံရခြင်း ဖြစ်နိုင်ချေ

ယွီဝမ်အား ပြန်လွှတ်ပြီးနောက် ယွီဟုန်နှင့်ယွီဟန်သည် အပေါ်ထပ်သို့တက်ကာ ယွီဟုန်နှင့်ချန်းလင်တို့၏ အိပ်ခန်းသို့သွားခဲ့သည်။ ကုတင်ပေါ်တွင် ယွီမိသားစုထဲမှာ အရေးအကြီးဆုံး အမျိုးသမီးနှစ်ယောက်ဖြစ်သည်။

ယွီယောင်သည် အိပ်ပျော်နေခဲ့သည်။ သူမသည် ကုတင်‌တစ်ဖက်ခြမ်းတွင် လဲလျောင်းကာ ချန်းလင်တည်ရှိရာသို့ ကြည့်နေခဲ့သည်။ သို့သော် ချန်းလင်မှာမူ မအိပ်ခဲ့ပေ။ သူမသည် ကုတင်ဘောင်အား မှီထားကာ ယွီယောင်၏ အိပ်ပျော်နေသောမျက်နှာအား ဘေးတစ်စောင်း ကြည့်နေခဲ့သည်။ သူမ၏လှပသောမျက်နှာမှာ အချစ်များ ပြည့်နေခဲ့သည်။

တစ်စုံတစ်ယောက် ဝင်လာသည်ကို သူမ သတိပြုမိကာ ယွီဟုန်နှင့်ယွီဟန်တို့အား လှည့်ကြည့်ခဲ့သည်။ သူမသည် ကျက်သရေရှိစွာ ပြုံးပြပြီး သူမ၏လက်ညှိုးအား သူမနှုတ်ခမ်းပေါ်တင်ကာ 'ရှူး' ဟူသည့်အမူအရာ လုပ်ပြခဲ့သည်။

ယွီဟုန်နှင့်ယွီဟန် နှစ်ယောက်လုံးမှာ သူတို့၏လှုပ်ရှားမှုများကို ‌ဖြည်းညှင်းလိုက်သည်။ ချန်းလင်သည် ‌တီးတိုးပြောခဲ့သည်။ "‌ယောင်ယောင် အိပ်မောကျနေတယ်။ သူ ဘယ်လောက်တောင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေလဲ ကြည့်ပါဦး..."

ချန်းလင်သည် အောက်ထပ်မှ ဆူညံသံအား မကြားသည့်ပုံပေါ်သောကြောင့် ယွီဟုန်သည် နူးညံ့စွာ ပြောလိုက်သည်။ "မင်းလည်း နားဦးလေ။ ယွီဟုန်နဲ့ကိုယ်ကတော့ ကိစ္စတစ်ခုကို ဆွေးနွေးဖို့ စာကြည့်ခန်းကို သွားလိုက်ဦးမယ်"

ချန်းလင်သည် ပြုံးပြ၍ ခေါင်းညိတ်လိုက်သည်။ သူမသည် ပျော်ရွှင်ဖွယ်ရာ အခြေအနေအား နစ်မြောနေသည်ပုံ ပေါ်သည်။

ယွီဟုန်နှင့်ယွီဟန်သည် စာကြည့်ခန်းဆီသို့ လာခဲ့ကြသည်။ ယွီဟုန်သည် တစ်ညလုံး မအိပ်ရသေးဘဲ အနည်းငယ်စိတ်ရှုပ်နေသည်။

သူသည် သူ၏နားထင်များအား ပွတ်သပ်ကာ စိတ်ရှုပ်ထွေးမှုကြောင့် ပြောလိုက်သည်။ "အဖေ၊ ယွီဝမ်သဘောထားက ကျွန်တော့်ကို‌ဇဝေဇဝါ ဖြစ်စေတယ်။ အဖေကအမေ့ကို သစ္စာဖောက်ဖို့ ဘာမှမလုပ်ခဲ့တာ သေချာလား"

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Where stories live. Discover now