Part 98

1.3K 116 1
                                    

98 01

Chapter 98: အပြစ်သား စွန်းလင်

သူမသည် ဘေးဥပဒ်မှကင်းလွတ်သည်ဟု သူမထင်ခဲ့သော်လည်း အံ့ဩစရာကောင်းသည်မှာ ရွေးနှုတ်ခြင်းအစား သူမသည် နတ်ဆိုး၏တီးတိုးပြောသံကို ကြားလိုက်ရသည်။

ယွီဝမ်မှာ ရုတ်တရက် အေးစက်သွားသကဲ့သို့ ခံစားခဲ့ရသည်...

သူမ၏စိတ်မှာ ဗလာဖြစ်သွားခဲ့သည်။ သူမ၏ဘဝအတွက် လဲလှယ်ရန် မည်သည့်အရာကိုမျှ မစဉ်းစားနိုင်ခဲ့ပေ။ သူမသည် ကံကြမ္မာ၏ရက်စက်ကြမ်းကြုတ်သော စီရင်မှုကိုသာ တိတ်တဆိတ်စောင့်နေခဲ့ရသည်။

သို့သော် A3အား တစ်စုံတစ်ခုဖြစ်သွားပုံပေါ်သောကြောင့် သူမ၏စီရင်ချက်အတွက် မစောင့်နိုင်ခဲ့ပါ။ သူသည်ဒေါသတကြီးဖြင့် ရုတ်တရက်ဆဲဆိုမိခဲ့သည်။ "သေစမ်း။ ဘယ်သူကငါ့ဟာကိုဖျက်ဆီး..."

လျှပ်စစ်စီးသံမှာ ထွက်ပေါ်လာကာ A3၏အသံသည် ပျောက်ကွယ်သွားခဲ့သည်။ အခန်းမှာတိတ်ဆိတ်မှုပြရသွားသောအခါမှ ယွီဝမ်သည် သူမ၏တောင့်တင်းနေသော ခန္ဓာကိုယ်အား ဖြေလျော့နိုင်ခဲ့သည်။

ရုပ်မြင်သံကြားသည် သတင်းစာရှင်းလင်းပွဲ၏တိုက်ရိုက်ထုတ်လွှင့်မှုကို ပြသနေဆဲဖြစ်သည်။ ယွီလန်မှာအေးစက်သည့်အသံနှင့်ပြောခဲ့သည်။ "...လောလောဆယ် ရဲတွေရဲ့လက်ထဲမှာရှိတဲ့ သက်သေတွေအရ ယွီဝမ်ကိုအပြစ်ပေးနိုင်မယ့်နည်းလမ်းမရှိပေမယ့် ကျွန်တော်တို့ သူမလုပ်သမျှအားလုံးကို ဖုံးကွယ်ထားမှာမဟုတ်ပါဘူး။ နောက်ပိုင်းကျ ယွီအဖွဲ့အစည်းက သူနဲ့အဆက်အသွယ်ဖြတ်ကြောင်း တရားဝင်ကြေငြာသွားမှာပါ"

ယွီဝမ်သည် ယွီလန်၏ ရုပ်မြင်သံကြားပေါ်မှ အကြင်နာကင်းမဲ့သော ကြေငြာချက်အား နားထောင်ခဲ့သောကြောင့် သူမ၏နှလုံးသားမှာ အေးစက်သွားခဲ့သည်။ သူမသည်ရုတ်တရက်ရယ်လိုက်ကာ သူမပို၍ရယ်မောလေ ပို၍ကျယ်လောင်လာလေဖြစ်သည်။ "ဟဟဟဟ ဟားဟားဟား...ယွီလန်၊ ယွီယောင်၊ ယွီကျွယ်နဲ့ယွီဟန် ကောင်းပါတယ်။ နင်တို့တကယ်ငါ့ကို ဒီလိုမျိုးလုပ်ရဲတယ်ပေါ့။ ငါနင်တို့ကိုဒီတိုင်းမထားဘူး။ တန်ရာတန်ကြေးပေးဆပ်ရအောင် သေချာပေါက်လုပ်မယ်"

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Tempat cerita menjadi hidup. Temukan sekarang