Part 77

1.7K 129 0
                                    

77 01

Chapter 77: ဆက်လက်၍ စမ်းသပ်ခြင်း

ယွီလန်သည် ရှင်းပြသောအခါ သူ၏မျက်နှာအမူအရာမှာ မပြောင်းလဲခဲ့ပေ။ "ကုမ္ပဏီရဲ့ ပြည်သူ့ဆက်ဆံရေး နည်းလမ်းတွေက အရင်ကတည်းက တင်းကျပ်ပြီးသားပါ။ ဒီလိုမျိုး လူထုအမြင်အကျပ်အတည်းကို ရင်ဆိုင်ရတဲ့အခါ များသောအားဖြင့် နည်းလမ်းနှစ်ခုရှိတယ်။ တစ်ဖက်မှာ ငါတို့က တိုက်ရိုက်တုံ့ပြန်ရှင်းလင်းပြီး အချိန်မီရှင်းပြလို့ရတယ်။ ဒါပေမယ့် လူထုကသူတို့မြင်ရတဲ့အမှန်တရားကို ပိုယုံပြီး သူတို့ရဲ့ ကိုယ်ပိုင်ခန့်မှန်းချက်တွေကိုပဲ ပိုယုံကြတယ်။ ဒါကြောင့် ငါတို့ဘယ်လိုပဲရှင်းပြနေပါစေ သူတို့ကငါတို့ကို လူထုအမြင်ကိုထိန်းချုပ်ဖို့ အရင်းအမြစ်တွေအလွဲသုံးစားလုပ်တဲ့ မရိုးသားတဲ့ကုမ္ပဏီလို့ ထင်ကြလိမ့်မယ်"

ယွီဟန်သည် အချိန်မှန် ထပ်ပြောခဲ့သည်။ "နောက်နည်းလမ်းတစ်ခုက လူထုရဲ့သံသယတွေကို လုံးဝတိုက်ရိုက်မတုံ့ပြန်တာပဲ။ အဲ့ဒီအစား လူထုအမြင်ကိုဆွဲဆောင်ပြီး ပိုပြီး ဆွေးနွေးကြမယ့်ခေါင်းစဉ်ကို ချပြလိုက်။ အခုခေတ်လူတွေက အာရုံစူးစိုက်မှုတိုတောင်းကြတယ်။ သူတို့အရင်ကပြဿနာတွေကို အာရုံမစိုက်နေသရွေ့ လူထုအမြင်အကျပ်အတည်းက အလွယ်တကူဖြေရှင်းမသွားနိုင်ဘူးလား"

စိတ်မသက်မသာဖြစ်မှုသည် ယွီဝမ်၏စိတ်ထဲ၌ ထပ်မံထွက်ပေါ်လာခဲ့သည်။ "ဒါပေမယ့် ခုနကအစ်ကိုကြီးပြောတာက ဒီလူထုအမြင်အကျပ်အတည်းကို ဖြေရှင်းဖို့ နည်းလမ်းအနေနဲ့သုံးချင်တယ်လို့ပြောတယ်လေ"

ယွီလန်သည်‌ ခေါင်းငြိမ့်ပြလိုက်သည်။ "ဒုတိယနည်းလမ်းက ခဏလမ်းလွှဲလိုက်တာပဲ။ လူထုအမြင်အကျပ်အတည်းရဲ့ တကယ့်အဖြေမဟုတ်ဘူး။ ငါတို့ကုမ္ပဏီရဲ့လူထုအမြင်ကို ငါတို့တကယ် အဖက်ဆယ်ချင်တယ်ဆိုရင် နင့်ဆီက နည်းလမ်းကိုရှာရလိမ့်မယ်"

ယွီဝမ်သည် အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်။ "ညီမ အစ်ကိုကြီးနဲ့ကုမ္ပဏီကို ကူနိုင်သရွေ့ ညီမပျော်ပါတယ်"

ယွီလန်သည် ပြောခဲ့သည်။ "ဒါကြောင့် နင်ရုံးခန်းကိုကူဖို့ အမြန်လာစရာမလိုဘူး။ နင်ကအခုထိ တက္ကသိုလ်မှာပဲရှိပြီး အခုထိအားလပ်ရက်မဟုတ်သေးဘူးလေ။ နင့်စာတွေက ပိုပြီးအရေးကြီးပါတယ်။ ရုံးခန်းထဲမှာ အချိန်ဖြုန်းနေစရာ မလိုပါဘူး"

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Tempat cerita menjadi hidup. Temukan sekarang