102 01
Chapter 102: မတရားမှုနှင့်ဆန္ဒပြမှု
ဗီဒီယိုထဲတွင် ထိုလူ၏အမူအရာမှာ အလွန်အမင်းလွန်ကဲနေခဲ့သည်။ သူ၏လက်များမှာ ကြမ်းတမ်းစွာ ဝေ့ယမ်းနေခဲ့သည်။
"ကြည့်ရှုသူများအားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်ရဲတွေဖမ်းတာခံရပြီးနောက် သူတို့ကပဲလွှတ်ပေးလိုက်တာပါ။ ကျွန်တော်က အပြစ်သားဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းပြောနိုင်ပါတယ်"
ထိုလူသည် သူ၏လက်နှစ်ဖက်ကို ဖွင့်လိုက်သည်။ "ကျွန်တော်က စိတ်ကျန်းမာရေးဆေးရုံရဲ့ ရက်စက်တဲ့တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ဖူးတဲ့အပြင် ကျွန်တော်ကသူတို့ရဲ့ဖောက်သည်ကြီးပါပဲ။ စိတ်ကျန်းမာရေးဆေးရုံရဲ့ ထိပ်ဆုံးကနေအောက်ခြေအထိ၊ ထိပ်ပြောင်တဲ့ဒါရိုက်တာကနေ သန့်ရှင်းရေးသမားတွေအထိ သူတို့ကျွန်တော့်ကိုမြင်ရင် တရိုတသေနဲ့ဒူးထောက်ကြတယ်။ သူတို့ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုတွေ ကြည့်ဖူးရုံသာမက အသက်မပြည့်သေးတဲ့ မိန်းကလေးတော်တော်များများနဲ့လည်း ကစားခဲ့ဖူးတယ်..."
ထိုလူသည် တစ်စုံတစ်ခုအားပြန်တွေးကြည့်နေသည့်အလား ကင်မရာကိုမျက်နှာမူကာ သူ၏နှုတ်ခမ်းများအား လွန်ကဲစွာလျက်ပြနေခဲ့သည်။ "အဲ့ဒီမိန်းကလေးတွေက လုံးဝစိတ်ရောဂါမရှိဘူး။ သူတို့ကို စိတ်ကျန်းမာရေးဆေးရုံထဲမှာ အတင်းပိတ်ထားခဲ့ကြတာ။ အိုး ဟုတ်သားပဲ သူတို့ထဲကတစ်ယောက်တောင် ကျွန်တော့်အိမ်နောက်ကတောင်ကုန်းပေါ်မှာ မြုပ်ထားသေးတယ်"
သူသည်ဆိုဖာပေါ်သို့ခုန်တက်ကာ ကင်မရာနှင့်နီးကပ်စွာရှိရန် ကုန်းကြည့်လိုက်သည်။ သူသည်ပြောရင်း မျက်နှာမှာရွဲ့ပြနေသည်။ "ငါမင်းတို့ကိုအားလုံး ရှင်းရှင်းလင်းလင်းပြောချင်တယ်။ ဒါနဲ့ပတ်သက်ပြီး မင်းတို့ဘာလုပ်နိုင်လဲ။ ငါတရုတ်မဟုတ်တော့ဘူး။ ငါ့မှာတရုတ်နိုင်ငံသားမှတ်ပုံတင် မရှိတော့ဘူး။ တရုတ်ရဲတွေ ငါ့ကိုဘာမှမလုပ်နိုင်တော့ဘူး။ တရုတ်ဥပဒေလည်း ငါ့ကိုအပြစ်မပေးနိုင်ဘူး။ ငါလူသတ်၊ ဆေးသုံးပြီး မိန်းမငယ်လေးတွေကို မဒိန်းကျင့်ရင်တောင်မှ...မင်းငါ့ကိုဘာမှမလုပ်နိုင်ဘူး"

STAI LEGGENDO
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Storie d'amoreဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...