Part 55

2.2K 192 0
                                    

55 01

Chapter 55: အကြီးဆုံးအစ်ကို

ယွီယောင်သည် စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားပြီး ဖြစ်သည်။ သူမ၏အမူအရာမှာ လုံးဝပြောင်းလဲ မသွားခဲ့သော်လည်း သူမ၏ မျက်လုံးများမှာ အလွန်အေးစက်ကာ နက်မှောင်နေခဲ့သည်။

"ဒါက အသေးအမွှားလေးပဲရှိဦးမှာ။ သူတို့ဒီထက်ပိုပြီးလုပ်ခဲ့မှာပဲ"

ယွီလန်သည် အနည်းငယ်မျက်မှောင်ကြုတ်သွားပြီး သူ၏မျက်နှာအမူအရာမှာ တဖြည်းဖြည်း ပို၍ပို၍ တည်ကြည်လာခဲ့သည်။

"မကြာသေးခင်က ငါတို့ရဲတွေနဲ့ နီးနီးကပ်ကပ် ဆက်သွယ်ခဲ့တယ်။ ငါရဲတွေဆီကနေ ဒီအချက်အလက်တွေပဲ ရလာတယ်။ ဒီက အမှုတွေအားလုံးမှာ မှုခင်းကွန်ရက်နဲ့ ချိတ်ဆက်နိုင်တဲ့ ခိုင်မာတဲ့သက်သေတွေရှိတယ်။ အခြားထူးဆန်းတဲ့ သေဆုံးမှုတွေ ဒါမှမဟုတ် မိသားစုသေဆုံးမှုတွေလည်း ရှိတယ်။ ရဲတွေက သံသယဝင်တွေ ရှိပေမယ့် သူတို့မှာသက်‌သေ မရှိတာကြောင့် မြေအောက်ရာဇဝတ်မှုကွန်ရက်နဲ့ ချိတ်ဆက်မရဘူး"

"အိမ်ထဲမှာ ပိုးဟပ်တစ်ကောင်တွေ့ရင် အခန်းရဲ့မှောင်နေတဲ့ထောင့်တိုင်းဟာ ရွံစရာကောင်းတဲ့ အကောင်တွေနဲ့ ပြည့်နေတယ်လို့ ဆိုလိုတာပဲ" ယွီယောင်သည်တည်ငြိမ်စွာပြောခဲ့သည်။ "နောက်ပြီး အဲ့ပိုးဟပ်က လူတွေရဲ့ပုံမှန်ဘဝတွေကို ထိခိုက်လာရင် တစ်ခန်းလုံးရှင်းပြီး သူတို့ကိုဖယ်ရှားရမယ်"

"ယောင်ယောင်က တကယ့်ကိုရဲရင့်တာပဲ" ယွီလန်သည် ရှေးဦးစွာ ရယ်လိုက်ကာ သနားစိတ်နှင့်သက်ပြင်းချခဲ့သည်။ "ယွီဟန်က အရမ်းမာနကြီးပြီး စိတ်ကူးယဉ်ဆန်လွန်းတယ်။ ယွီကျွယ်ကတော့ အရမ်းရိုးသားပြီး ကလေးဆန်တယ်။ ယောင်ယောင်ဖြစ်နိုင်ရင် နင်ဘွဲ့ရပြီးရင် ငါ့ကိုကူညီမယ်လို့ မျှော်လင့်တယ်"

"မလုပ်ချင်ပါဘူး" ယွီယောင်သည် အထင်အမြင်သေးသည့်ပုံနှင့် နှာခေါင်းရှုံ့လိုက်သည်။

"ဘာလို့မလုပ်ချင်တာလဲ" ယွီလန်မှာ အနည်းငယ် အံ့ဩသွားခဲ့သည်။ "ယောင်ယောင် ငါတို့မိသားစုက အမျိုးသားတွေကို အမျိုးသမီးတွေထက် ပိုအလေးပေးတာမျိုး မရှိပါဘူး။ နင်ကုမ္ပဏီကိုဝင်ဖို့ ဆန္ဒရှိနေသရွေ့ ယွီဟန်၊ ယွီကျွယ် ဒါမှမဟုတ် ငါ့ထက်တောင်မှ အစုရှယ်ယာတွေနဲ့အမြတ်ဝေစုတွေကို ပိုရဖို့ နင့်ရဲ့ကိုယ်ပိုင်အရည်အချင်းတွေကို အားကိုးလို့ရတယ်"

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Dove le storie prendono vita. Scoprilo ora