Part 137

882 66 0
                                    

Chapter 137: မှားယွင်းစွာခွဲခြားသတ်မှတ်သည်

ယွီမိသားစုသည် မပြတ်မသားဖြစ်လွန်းသည်ဟု သူမပြောခဲ့သော်လည်း သူတို့ဘာတွေးနေသည်ကို ယွီယောင် အမှန်တကယ်ပင် နားလည်ခဲ့သည်။

ယွီမိသားစုအတွက် ယွီဝမ်အားအိမ်မှနှင်ထုတ်ခြင်းသည် လွယ်ကူသည့်အလုပ်တစ်ခုဖြစ်သော်လည်း ဤအရာအား သူမအတွက် အပြစ်ဒဏ်တစ်ခုဟူ၍ မသတ်မှတ်နိုင်ပေ။

ယွီဝမ်သည် ယွီမိသားစုနှင့် ဆယ်စုနှစ်တစ်စုကျော်ကြာ နေထိုင်ခဲ့သည်။ သူမနှင့်ယွီမိသားစု၏ ဆက်ဆံရေးအပေါ် အခြေခံကာ သူမသည်ချမ်းသာ၍အားကောင်းသော သူငယ်ချင်းများစွာနှင့်မိတ်ဖွဲ့ခဲ့သည်။ သာမန်အားဖြင့် သူမသည် များစွာသောဇိမ်ခံပစ္စည်းများဝယ်ယူရန် မုန့်ဖိုးအမြောက်အမြားကို အသုံးပြုခဲ့သည်။ ‌ဤသည်ကို ငွေအမြောက်အမြားဟူ၍ ယူဆနိုင်သည်။ ထို့ပြင် ယွီဝမ်သည် အထက်တန်းကျောင်းတက်စဉ် သူမသည် စီးပွားရေးအမြင်ရှိနေခဲ့သည်။ သူမစု‌ဆောင်းထားခဲ့သော ပိုက်ဆံအား သူမ၏သူငယ်ချင်းများနှင့် နို့လက်ဖက်ရည်ဆိုင်တစ်ချို့ဖွင့်ရန် အသုံးပြုခဲ့သည်...

သူမသည် ယွီဝမ်အား ယွီမိသားစုမှ နှင်ထုတ်ခဲ့လျှင် သူမသည်ယခင်ချမ်းသာကြွယ်ဝသောဘဝအား ဆက်လက်မနေထိုင်နိုင်သော်လည်း သူမသည် ကမ္ဘာပေါ်ရှိလူအများစုထက် ပို၍ကောင်းစွာနေနိုင်သေးသည်။

ယွီမိသားစုသည် ယွီဝမ်အား ဤကဲ့သို့ ကောင်းမွန်သောအဆုံးသတ်မျိုး ရှိခွင့်မပြုပေ။

ထို့ကြောင့် ယွီဟုန်သည် ယွီဟုန်အား ကိုယ်တိုင်စစ်ဆေးချင်ခဲ့ကာ သူမ၏အပြစ်ဒဏ်အား မဆုံးဖြတ်ခင်တွင် သူမလုပ်ခဲ့သည်များကို အောက်ခြေအထိသိရှိချင်နေခဲ့သည်။

ယွီယောင်သည် ဤနောက်ကွယ်မှ အအကြောင်းအရင်းအား နားလည်သော်လည်း သူမသည်ယွီဟန်၏သတိ‌ပေးချက်အား စိတ်ထဲမထားခဲ့ပေ။ ယွီဝမ်သည် ယခုတွင် ယွီမိသားစု၏ရှေ့၌ ပေါ်လာရဲလိမ့်မည်ဟု သူမမထင်ခဲ့ပေ။ သူမသာ ယွီဝမ်၏နေရာ၌ရှိနေလျှင် သူမအဝေးသို့ထွက်ပြေးကာ ယွီမိသားစုသူမအား ရှာမတွေ့နိုင်သောနေရာသို့ ပုန်းနေလိမ့်မည်။

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Donde viven las historias. Descúbrelo ahora