78 01
Chapter 78: ယွီကျွယ်၏ ကန့်ကွက်မှု
အိမ်ပြန်ရောက်ပြီးနောက် ယွီလန်သည် သူနှင့်ယွီဟန်မှာ သူတို့နှင့်အတူ ယွီဝမ်အား ရသစုရှိုးတွင် ပါဝင်ခွင့်ပြုလိုက်သည့်အကြောင်း ယွီကျွယ်နှင့်ယွီယောင်တို့နှင့် ဆွေးနွေးခဲ့သည်။
ယွီယောင် ဘာမျှမပြောနိုင်ခင် ယွီကျွယ်သည် သူ၏ခိုင်မာသော ကန့်ကွက်မှုအား အရင်ဖော်ပြခဲ့သည်။
"ကျွန်တော်သဘောမတူဘူး။ ကျွန်တော်ကန့်ကွက်တယ်" ယွီကျွယ်သည် မယုံနိုင်သောကြောင့် အသံမြှင့်လိုက်သည်။ "အစ်ကိုကြီး၊ အစ်ကိုလတ် ရူးသွားကြပြီလား။ ဒါမှမဟုတ် ယွီဝမ်က အစ်ကိုကြီးတို့ကိုလှည့်စားလိုက်ပြီလား။ ဘယ်လိုဖြစ်ပြီး ဒီလိုမျိုးအဓိပ္ပာယ်မရှိတဲ့ဆုံးဖြတ်ချက်မျိုးချနိုင်ရတာလဲ။ အစ်ကိုတို့က ယွီယောင်ကို ကျွန်တော်နဲ့ယွီယောင်တို့နဲ့အတူ ရသစုံရှိုးရိုက်ကူးရေးမှာပါခိုင်းရင် ကျွန်တော်တို့သုံးယောက် ကင်မရာရှေ့မှာ ရန်ဖြစ်မှာမကြောက်ဘူးလား"
ယွီလန်သည် ယွီကျွယ်၏ဆန္ဒအား လုံးဝခေါင်းထဲမထည့်ပေ။ သူသည် တမူထူးခြားစွာပြောလိုက်သည်။ "ဒါကြောင့် ငါနင်တို့ကိုကြိုပြီး ဒီဆုံးဖြတ်ချက်အကြောင်း ပြောထားတာလေ။ နင်တို့ ရှိုးရိုက်ကူးနေတုန်း ကိုယ့်ဒေါသကိုယ်ထိန်းပြီး မလိုလားအပ်တဲ့ ပဋိပက္ခမျိုးတွေ ထပ်မဖြစ်ဘူးလို့ မျှော်လင့်တယ်။ တစ်နိုင်ငံလုံးရဲ့ ကြည့်ရှုသူပရိသတ်တွေက ငါတို့မိသားစုကို ဟာသအနေနဲ့မြင်ပါစေ"
ယွီကျွယ်သည် ဒေါသထွက်သွားခဲ့သည်။ "အစ်ကိုတို့က ကျွန်တော်တို့ကို ဟာသအနေနဲ့ တစ်တိုင်းပြည်လုံးက မမြင်စေချင်တာကြောင့် ယွီဝမ်ကို ရသစုံရှိုးထဲဝင်မပါခိုင်းနဲ့။ ကျွန်တော်အဲ့လိုလူမျိုးနဲ့ သုံးရက်လုံးအချိန်ဖြုန်းရမယ်ဆို ဘယ်လိုလုပ်ကျွန်တော့်ဒေါသကို ထိန်းချုပ်နိုင်မှာလဲ။ နောက်ပြီးတော့ ယောင်ယောင်၊ ယောင်ယောင်ရောယွီဝမ်ကို သည်းခံနိုင်စရာအကြောင်းမရှိဘူး ဟုတ်တယ်မလား"
ယွီယောင်သည် ပခုံးတွန့်ကာ ပြောလိုက်သည်။ "အစ်ကိုနဲ့အတူ ယွီဝမ်ကိုမခေါ်ချင်တာက အစ်ကို့ကိစ္စလေ။ ညီမကိုဒီထဲဆွဲမထည့်နဲ့။ ဒါအပေါ်မှာ ညီမဘာအမြင်မှမရှိဘူး"
YOU ARE READING
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Romanceဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...