Part 18

4.1K 358 0
                                    

Unicode

Chapter 18: ပိတ်လိုက်သော အမှု

“အကန့်အသတ်မဲ့‌ဘုန်းတန်ခိုးနှင့် ချမ်းသာသော အမျိုးသမီးငယ် အတု” ဟူသောစာအုပ်တွင် ‌ဇာတ်‌ကောင် ယွီဝမ်ကြုံတွေ့ရသော မည်သည့်အခက်အခဲများမဆို သူမအား ကူညီနေသော တစ်စုံတစ်ယောက်အမြဲရှိနေသည်။

ယွီဝမ်အား ယခင်က ကူညီခဲ့သောသူများမှာ သူမ၏မိဘများနှင့် သူမနှင့်အတူကြီးပြင်းလာသော သူငယ်ချင်းများ သို့မဟုတ်လျှင် သူမအားအထင်ကြီးလေးစားသူများသာဖြစ်သည်။

သို့သော် ယွီဝမ်အားမကြိုက်သောသူများနှင့် သူမနှင့် အဆက်အသွယ်မရှိသော်လည်း ခြွင်းချက်မရှိကူညီပေးနေကြသူများလည်းရှိသည်။ ယွီယောင်သည် စာအုပ်အားဖတ်နေချိန်တွင် ဤသို့သောသက်ရောက်မှုများမှာ လုံးဝယုတ္တိမရှိဟု ခံစားမိခဲ့သည်။ သို့သော် သူမ၏လုပ်ဖော်ကိုင်ဖက်များမှာ ဤသည်မှာ ဇာတ်ဆောင်၏တစ်ခုလုံးအပေါ်သက်ရောက်မှုဖြစ်ကာ လွန်ကဲစွာတွေးစရာမလိုကြောင်း ပြောခဲ့ကြသည်။

စိတ်ကျန်းမာရေးဆေးရုံ၏ဒါရိုက်တာသည် ယွီဝမ်အားတစ်ခါသာလျှင်‌တွေ့ရုံဖြင့် သူမ၏ ဇာတ်ဆောင်အရှိန်အဝါလွှမ်းမိုးခြင်းခံရကာ သူသည်သူမအား အဆက်မပြတ်ကူညီမှုများပေးနေခဲ့သည်။

ယွီယောင်၏ ကြေကွဲဖွယ်ဘဝသည် ထိုစိတ်ကျန်းမာရေးဆေးရုံတွင်စတင်ခဲ့လျှင် ယွီဝမ်နှင့်စိတ်ကျန်းမာရေးဆေးရုံမှ ဒါရိုက်တာကြား ပူးပေါင်းကြံစည်မှုသည် ကြေကွဲဖွယ်အားလုံး၏အကြောင်းအရင်းပင်ဖြစ်သည်။

ထို့ကြောင့် ယွီယောင်သည် ယွီဝမ်နှင့်ဒါရိုက်တာကြား ဆက်ဆံရေးအား မနေနိုင်ပဲ မေးခဲ့ခြင်းဖြစ်သည်။

သို့သော် ဤစကားသည် ယွီဝမ်၏ရင်အား တင်းကျပ်သွားစေကာ ခန္ဓာကိုယ်တစ်ခုလုံးတောင့်တင်း‌သွားစေသည်ကို သူမ မသိခဲ့ပေ။

ယွီယောင်သည် မည်သည်ကိုဆိုလိုသနည်း။ သူမနှင့်စိတ်ကျန်းမာရေးဆေးရုံ၏ဒါရိုက်တာကြား တကယ့်ဆက်ဆံရေးအား သူမသိသလား။ သူမ၏ဦးလေးမှာ ယွီယောင်ကြားသွားအောင် မတော်တဆပြောမိခဲ့သလား။

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Onde histórias criam vida. Descubra agora