81 01
Chapter 81: အိမ်အပျက်
သူဗဗိုက်ဆာသည်ကို ကြားသောအခါ ယျွီကျွယ်သည် မည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်တော့ပေ။
သူသည် စိတ်လှုပ်ရှားပုံပေါ်ကာ သူ၏အိတ်ထဲရှိ မုန့်များအား စတင်၍ ရှာဖွေလှန်လှော နေခဲ့သည်။ "ယောင်ယောင် မနေ့ကငါနင့်ကို ဒီမနက် စောစောထရမယ်လို့ ပြောခဲ့တယ်လေ။ မနက်စာမလုပ်ခင် ငါနင့်ကို ဖုန်းထပ်ခေါ်သေးတယ်။ နင်ထမယ်လို့ နင်ငါ့ကို ကတိပေးခဲ့ပေမယ့် ထုတ်လုပ်ရေးအဖွဲ့ ငါတို့ကို လာမခေါ်မချင်း နင် အိပ်ရာပေါ်မှာပဲ လူးလိမ့်နေမယ်လို့ ဘယ်သူသိမှာလဲ..."
သူ၏ပွစိစိပြောသံမှာ တတွတ်တွတ် ပြောသော မိခင်ကဲ့သို့ ဖြစ်နေပုံရသည်။ ဤသည်မှာ ရယ်ရသော်လည်း အနည်းငယ် ချစ်စရာလည်းကောင်းသည်။
ယွီယောင်သည်ပြုံး၍ပြောလိုက်သည်။ "ဟုတ်ပါပြီ။ ဟုတ်ပါပြီ။ မုန့်တွေမရှာနဲ့တော့။ အမဲခြောက်ထုပ်ကို ဖွက်ထားတာ အစ်ကို့အတွက်လွယ်မှာမဟုတ်ဘူး။ ထုတ်လုပ်ရေးအဖွဲ့က သိမ်းသွားရင် ဘယ်လိုလုပ်မလဲ"
ထုတ်လုပ်ရေးအဖွဲ့မှာ သူတို့၏လျှို့ဝှက်အကြံအစည်များအား ပွင့်ပွင့်လင်းလင်း ဆွေးနွေးနေသည်ကို မကြားသည့်အလား မည်သည့်တုံ့ပြန်ချက်မျှမပေးဘဲ ပြုမူနေခဲ့သည်။
ယွီယောင်သည် ယွီကျွယ်အားတွန်း၍ ပြောခဲ့သည်။ "အခုအဖွဲ့နှစ်ခုပဲကျန်တော့တယ်။ အခုသွားပြီး ညီမတို့အိမ်ကိုရွေးလိုက်ဦး။ အိမ်ရွေးတာစောစောပြီးရင် စောစောပြန်နားလို့ရတယ်။ အဲ့ဒီအချိန်မှာ ညီမတို့ဗိုက်ဖြည့်ဖို့ အမဲခြောက်ကို တိတ်တိတ်လေး ထုတ်စားလိုက်ရုံပဲ"
ယွီကျွယ်သည် ယွီယောင်၏အကြည့်ဦးတည်ရာနောက်လိုက်သွားကာ ဒါရိုက်တာချုပ်ရှေ့၌ ကသိကအောက်နှင့် ရပ်စောင့်နေသော မိန်းမငယ်လေးအားတွေ့ခဲ့သည်။ ယွီကျွယ်သည် ယွီယောင်၏အကြံအစည်များအား ချက်ချင်းနားလည်သွားသောအခါ သူမသည် ပျက်စီးနေသောအိမ်၏ ဓာတ်ပုံအား လှမ်းယူရန် ဟန်ပြင်နေခဲ့သည်။
သူသည် ဒါရိုက်တာချုပ်ဆီသို့ ခြေလှမ်းအနည်းငယ်လှမ်း၍ လျှောက်သွားကာ ပျက်စီးနေသောအိမ်ပုံအား ဆွဲယူ၍ တတိယအဖွဲ့မှ မိန်းကလေးအားပြောခဲ့သည်။ "မင်းတို့အဖွဲ့ကို ဂရုစိုက်ပြီး ပိုကောင်းတဲ့အခန်းကို ပေးချင်တာ ငါသိပေမယ့် ဂိမ်းရဲ့စည်းမျဉ်းတွေအရ အမှတ်အများဆုံးရတဲ့ ဘယ်သူမဆို ပိုကောင်းတဲ့အိမ်ကိုရွေးနိုင်တယ်တဲ့။ မင်းတကယ် ဒီလိုမျိုး ကျပ်တည်းတဲ့အခန်းမှာ နေချင်တယ်ဆိုတာ ငါမယုံနိုင်ဘူး"

ESTÁS LEYENDO
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Romanceဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...