Part 133

912 59 0
                                    

Chapter 133: အဖေ

ယွီဟုန်သည် ယွီယောင်အား စိတ်ရှုပ်ထွေးနေ‌သည့် အမူအရာနှင့် ကြည့်နေခဲ့သည်။ ချန်းလင်သည် ယွီယောင်အား မွေးထုတ်လိုက်သော ထိုအချိန်က သူတို့သည် အချိန်အကြာကြီး စောင့်စားခဲ့ရသော မင်းသမီးလေးအား နောက်ဆုံးတွင်ရခဲ့သောကြောင့် သူတို့မိသားစုမှာ အလွန်ပျော်ရွှင်စွာ နေထိုင်ခဲ့သည်။

ထိုအချိန်၌ ယွီယောင်ပျောက်‌ဆုံးသွားပြီးနောက် ချန်းလင်သည် အလွန်အကြူး ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်များနေခဲ့သည်။ မူလကနွေးထွေး၍ တက်ညီလက်ညီရှိသော မိသားစုမှာ တစ်ခဏချင်းတွင် ကြီးမားသော ပြောင်းလဲမှု တစ်ခုဖြစ်သွားခဲ့သည်။ အိမ်အခြေအနေမှာလည်း တဖြည်းဖြည်း တိတ်ဆိတ်ခြောက်ကပ်လာခဲ့သည်။ ချန်းလင်၏စိတ်အခြေအနေမှာ ကြီးမားသည့်နာကျင်မှုခံစားပြီးနောက် ယိုယွင်းပျက်စီးစပြုလာခဲ့သည်။

ယွီဟုန်သည် သူ၏သမီးအရင်းနှင့် အသက်တူသော ယွီဝမ်ဟူသော မိန်းကလေးငယ်အား မွေးစားလိုက်သော်လည်း သူသည် ချန်းလင်၏ရင်ထဲမှ အထုံးအား မဖြေနိုင်ခဲ့ပေ။ ထိုအစား ၎င်းသည်ချန်းလင်အား သူမ၏သမီးအရင်းဖြစ်သူ ယွီယောင်ကိုသာ ပို၍လွမ်းစေခဲ့သည်။ ကူကယ်ရာမဲ့ဖြစ်နေသော ယွီဟုန်မှာ သူ၏သားအကြီးဆုံးအား မိသားစုစီးပွားရေးကို လွှဲပေးလိုက်ကာ ဇနီးသည်အား ပြန်လည်ကျန်းမာလာစေရန် ဆွစ်ဇာလန်တွင် အခြေချနေထိုင်ခဲ့သည်။

ထို့ကြောင့် သူယွီယောင်အား စစချင်းရှာတွေ့သောအခါ သူ၏သားသုံးယောက်ကဲ့သို့ ယွီဟုန်သည် သူ၏သမီးအရင်းအတွက် မည်သည့်ခံစားချက်မျှမရှိပေ။ တကယ်တမ်းတွင် သူ၏သားသုံးယောက်နှင့်ယှဉ်လျှင် သူမကြောင့်သာမဟုတ်ခဲ့လျှင် သူ၏ဇနီးမကျန်းမမာဖြစ်လိမ့်မည်မဟုတ်ကြောင်း ယွီယောင်အား ပို၍ပင်အပြစ်တင်နေခဲ့သည်။

သို့သော် ယွီယောင်သည် ယွီမိသားစုနှင့် ပို၍အချိန်ဖြုန်းလာသောအခါ သူမသည်စိတ်ကျန်းမာရေးဆေးရုံ၏ မကောင်းသည့်အချက်အား ဖော်ထုတ်၍ ထိုဆန်းကြယ်သည့် ရာဇဝတ်ဂိုဏ်းနှင့် ထိပ်တိုက်ရင်ဆိုင်မှုများ တဖြည်းဖြည်းမြှင့်တက်လာသောကြောင့်...ယွီဟုန်သည် ကျေးလက်ဒေသ၌ ကြီးပြင်းခဲ့သော ဤသမီးမှာ သူတို့ပထမဆုံးတွေ့ခဲ့ချိန်က သူ၏စိတ်ထဲ ကောက်ချက်ချထားခဲ့သကဲ့သို့ မဟုတ်သည်ကို သိခဲ့ရသည်။ သူမသည် အရိပ်အကဲမသိဘဲ အလွန်တည့်တိုးဆန်ကာ ချီးကျူးထိုက်သည့် အရည်အချင်းမျိုးမရှိသော သာမန်မိန်းကလေးဟု သူယခင်က ထင်ခဲ့သည်။

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Tahanan ng mga kuwento. Tumuklas ngayon