Part 134

835 60 0
                                    

Chapter 134: ဆက်လက်ဆက်သွယ်ခြင်း

ရှောင်းလျန်သည် ယွီမိသားစုအား နှုတ်ဆက်ကာ ယွီယောင်အား တမင်တကာ စက္ကန့်အတော်ကြာ စိုက်ကြည့်ခဲ့သည်။ ယွီယောင်သည် ရှောင်းလျန်၏အတွေးများအား အာရုံရနေခဲ့ကာ အနည်းငယ် ကသိကအောက်ဖြစ်သွားခဲ့သည်။ သူမတွင် သူမကြိုက်သော ယောင်္ကျားလေးရှိသည်ဟု ပြောခဲ့သည်ကို သူကြားသွားခဲ့သည်။ ဤသည်မှာ အလွန်ကသိကအောက်ဖြစ်လွန်းသည်...

သို့သော်‌ ရှောင်းလျန်၏နောက်ကျောအား ကြည့်လိုက်‌သောအခါ ယွီယောင်သည် မတတ်နိုင်ဘဲ သူ့အား အနည်းငယ်အထီးကျန်ပုံရသည်ဟု တွေးခဲ့မိသည်။

သူမ၏ပါးစပ်များသည် သူမမပိုင်တော့သည့်ပုံပေါ်သည်။ ယွီယောင်သည် သူမ၏စိတ်ထဲ၌ ချီတုံချတုံဖြစ်နေခဲ့သော်လည်း သူမတိုက်‌ရိုက်ပြောခဲ့သည်။ "ရှောင်းလျန်..."

ရှောင်းလျန်သည် နောက်လှည့်၍ပြုံးကာ အနည်းငယ်အံ့ဩသွားပုံရသည်။ "ယောင်ယောင်လား"

ယွီယောင်၏နောက်ကျောမှာ ရုတ်တရက် ဆန့်သွားခဲ့သည်။ သူမခေါင်းအား မလှည့်ဘဲ ယွီမိသားစုဝင်များအားလုံးမှာ သူမအား စိုက်ကြည့်နေကြသည်ကို သူမခံစားမိခဲ့သည်။ ဤအခိုက်အတန့်တွင် ယွီယောင်သည် သူမ၏နောက်ကျော၌ ဆူးချွန်ရှိနေရသည့် ခံစားချက်မျိုးအား ကောင်းစွာသဘောပေါက်နားလည်ခဲ့သည်။

သူမသည် သူမ၏အနောက်တွင်ရှိသော မိသားစုဝင်များ၏ အမူအရာများကို လှည့်မကြည့်ရန် သူမကိုယ်သူမ တွန်းအားပေးခဲ့သည်။ ပုံမှန်အမူအရာအား ထိန်းသိမ်းရင်းပင် သူမသည် သာမန်သူငယ်ချင်းတစ်ယောက်အား မျက်နှာချင်းဆိုင်နေရသကဲ့သို့ ပြောခဲ့သည်။ "ဘုရင်ကြီးက ကျွန်မအိမ်မှာပဲရှိသေးတယ်။ ရှငန်ဘယ်အချိန်အားလဲ။ ကျွန်မ ဘုရင်ကြီးကို ရှင့်ဆီ‌ပြန်ပို့ပေးမလို့။ သူလည်း ရှင့်ကို လွမ်းနေမှာပဲ"

ရှောင်းလျန်၏အကြည့်မှာ ယွီယောင်၏အနောက်တွင်ရပ်နေသော ယွီမိသားစု၏ ယောင်္ကျားလေးများအား လှမ်းကြည့်လိုက်ကာ မြူခိုးမည်းများဝန်းရံထားကာ သူ့အား ကြီးမားသည့်ဝံပုလွေဆိုးကဲ့သို့ စိုက်ကြည့်နေခဲ့ကြသည်။ သူသည် ‌ပြုံးကာပြောလိုက်သည်။ "ငါအခုမှပြန်ရောက်ပြီး ခဏလောက်တော့ အလုပ်များနေဦးမှာ။ အခုတော့ ဘုရင်ကြီးကို မင်းနဲ့ပဲနေခိုင်းလိုက်ပါ။ သူ့ကို လျစ်လျူရှုထားရင် ဘုရင်ကြီးက ဝုန်းဒိုင်းကြဲနေလိမ့်မယ်"

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Dove le storie prendono vita. Scoprilo ora