87 01
Chapter 87: အဆင့် ၂ ကွန်ပျူတာသိပ္ပံစာမေးပွဲ
ယွီဝမ်သည် ယွီယောင်အား သဘောတူရန် တွန်းအားပေးနေသည့် စကားလုံးအသုံးအနှုန်းမေးခွန်းအား အသုံးပြုနေကြောင်း လူတိုင်းနီးပါးပြောနိုင်သည်။ သူမ၏သဘောထားမှာ အနည်းငယ်ရန်လိုလွန်းကာ အကြံဉာဏ်တောင်းနေသည့်ပုံ လုံးဝမပေါ်ပေ။
ယွီကျွယ်သည် မျက်မှောင်အနည်းငယ်ကြုတ်မိကာ တစ်ခုခုပြောတော့မည့်အချိန်၌ ယွီယောင်မှစကားဖြတ်ပြောလိုက်သည်။
ယွီယောင်သည် ယွီဝမ်၏ ရန်လိုမှုအား စိတ်မဆိုးပေ။ သူမသည် တည်တည်ငြိမ်ငြိမ်သာ မေးခဲ့သည်။ "နင်တကယ် ကွန်ပျူတာ ပရိုဂရမ်ရေးဆွဲတာကို သင်ချင်တာလား"
ယွီဝမ်သည် ခေါင်းငြိမ့်ပြလိုက်သည်။ "ဒါပေါ့။ ညီမက စာနဲ့ပတ်သက်ပြီး မနောက်ပါဘူး"
ယွီယောင်သည် ပြောလိုက်သည်။ "ငါနားလည်တယ်။ ငါနင့်အတွက်အခြေခံသင်တန်းတစ်ချို့ အကြံပြုပေးမယ်။ ဒီအတန်းတွေပြီးသွားရင် နင်အဆင့်၂ကွန်ပျူတာသိပ္ပံအောင်လက်မှတ်ကို အလွယ်တကူရနိုင်တယ်။ နင်အောင်လက်မှတ်ရပြီး ဒီနယ်ပယ်မှာ နင့်ရဲ့စွမ်းရည်ကို သက်သေပြနိုင်တဲ့အခါ ဆက်ပြီးလေ့လာဖို့ ဆုံးဖြတ်ချက်ကိုလည်း သက်သေပြနိုင်လိမ့်မယ်။ အဲ့ဒီနောက် နင့်ဆီ ပိုပြီးအဆင့်မြင့်တဲ့သင်တန်းတွေကို အကြံပြုပေးမယ်"
ကင်မရာများနှင့် ဝန်းရံထားသောကြောင့် ယွီဝမ်မှာ ကြောင်သွားခဲ့သည်။ ယွီဝမ်သည် အဖွဲ့အစည်း၏ အတွင်းပိုင်းနည်းပညာများထက် ယွီယောင်သင်ကြားခဲ့သည့် ပို၍အဆင့်မြင့်သော ပရိုဂရမ်ရေးဆွဲခြင်းဆိုင်ရာ ဗဟုသုတများကို သိရန် များစွာကြိုးစားအားထုတ်ခဲ့သည်။ သို့သော် ယွီယောင်သည် သူမဆီသို့ အခြေခံအကျဆုံး ကွန်ပျူတာသိပ္ပံသင်တန်းအား အကြံပြုခဲ့သည်။ အကယ်၍ သူမသည်အဆင့်၂ ကွန်ပျူတာသိပ္ပံအောင်လက်မှတ် လိုချင်ခဲ့လျှင် သူမကိုယ်တိုင် သင်ကြားရေးသင်တန်းအား လျှောက်လိုက်မည်ပင်ဖြစ်သည်။
ယွီယောင်သည် သူမအားဆန့်ကျင်ရန် မွေးဖွားလာခဲ့သည်။
သူမသည်ယွီယောင်အား အလွန်မကျေနပ်သော်လည်း ယွီဝမ်သည် ကင်မရာရှေ့၌ သူမ၏မကျေမနပ်ဖြစ်မှုအား မပြသရဲခဲ့ပေ။ သူမသည်အံကြိတ်ကာ ယွီယောင်အား ကျေးဇူးတင်သည့်အပြုံးအား ပြုံးပြခဲ့သည်။ "ကျေးဇူးတင်ပါတယ် မမယွီယောင်။ ညီမတတ်နိုင်သမျှမြန်မြန် အဆင့်၂ကွန်ပျူတာသိပ္ပံအောင်လက်မှတ်ကို ရအောင်သေချာပေါက်လုပ်ပြီး ညီမရဲ့စိတ်အားထက်သန်မှုကိုပြပါမယ်"

ESTÁS LEYENDO
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Romanceဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...