Part 157

729 54 0
                                    


Chapter 157: ပြန်ပေးဆွဲခြင်း

ယွီမိသားစုဝင်တိုင်းမှာ ယွီဝမ်ထွက်ပြေးသွားသည်ဟု ထင်ခဲ့ကြသည်။ သို့သော် ယွီဝမ်သည် S city မှ အမှန်တကယ်ထွက်မသွားခဲ့သေးပေ။

သူမ၏အကြံအစည်ထဲတွင် ထိုကဲ့သို့ရွေးချယ်မှုမျိုးမရှိခဲ့ပေ။

ဒီအန်အေစစ်ဆေးမှုပြီးသည့်ကတည်းက ယွီမိသားစုထံမှ သတင်းမျိုးမရှိခဲ့ပေ။

သူမနှင့်ယွီဟုန်မှာ သွေးသားရင်းနှီးသည်ကို ဆိုလိုမှန်း သူမထင်ခဲ့သည်။ တစ်ဖက်တွင်မူ ယွီမိသားစုသည် သူမအား တရားမဝင်သမီးအဖြစ် မုန်းတီးကာ တစ်ဖက်တွင်မူ သူတို့သည်ဤကိစ္စအား မကြီးမားစေချင်သောကြောင့် ဤကိစ္စအားအေးစက်စက်ကိုင်တွယ်ချင်ခဲ့သည်။

ယွီမိသားစုသည် သူမ၏မိခင်အရင်းလိပ်စာအား ရှာဖွေတွေ့ရှိပြီးကာ သူမ၏မိခင်အရင်းအား သူမကိုဖျောင်းဖျရန်အတွက် ပြင်ဆင်နေခဲ့သည်ကို သယွီဝမ်မသိခဲ့ပေ။

ထို့ကြောင့် ယွီဝမ်သည် သူမ၏အနာဂတ်အတွက် ယုံကြည်ချက်ပြည့်‌နှင့်ပြီးဖြစ်သည်။ ယွီမိသားစုထံပြန်လာခြင်း၏ အခွင့်အရေးပိုတိုးလာစေရန် သူမသည် သင့်တော်သူများကြား မိသားစုနောက်ခံကောင်းသည့်လူတစ်ယောက်ကို ရွေးချယ်ခဲ့သည်။ ယွီမိသားစုသည် သူမ၏သရုပ်မှန်အား အသိအမှတ်ပြုစေရန် အလျှော့အတင်းတစ်ခုအဖြစ် ဤလူနှင့်သူမ၏အိမ်ထောင်ရေးကို အသုံးပြုရန်ပြင်ဆင်ထားခဲ့သည်။

ချမ်းသာသည့် မိသားစုဘဝအား မစွန့်လွှတ်နိုင်‌သော ယွီဝမ်မှာမည်ကဲ့သို့ သူမ၏သရုပ်မှန်အားဖုံးကွယ်ကာ လွတ်မြောက်နိုင်မည်နည်း။

ယွီမိသားစုသည် ယွီယောင်ထွက်ပြေးရာလမ်းကြောင်းအား ရှာဖွေရန်အစွမ်းကုန်ကြိုးစားနေချိန် ယွီဝမ်နှင့်သူမ၏မိခင်အရင်းတို့မှာ S City ၏ စက်မှုဥယျာဉ်ရှိ သိုလှောင်ရုံတစ်ခုတွင် ရှိနေခဲ့သည်။

သိုလှောင်ရုံမှာ မကြာခဏအသုံးပြုလေ့မရှိသည်မှာ ထင်ရှားလှသည်။ ၎င်းသည်အမှိုက်မျိုးစုံနှင့်ပြည့်နေခဲ့သည်။ ကြမ်းပြင်နှင့်ကုန်ပစ္စည်းများမှာ ထူထပ်နေသောဖုန်များနှင့် ပြည့်စုံခဲ့သည်။

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။حيث تعيش القصص. اكتشف الآن