Part 37

3K 284 1
                                    

Unicode

Chapter 37: ပရိသတ်တိုက်ဖျက်ခြင်းလုပ်ငန်း

ယွီကျွယ်နှင့်ယွီဝမ်တို့အပေါ် လူထုအမြင်ဂယက်မှာ ဖြေရှင်းပြီးသော်လည်း အရာအားလုံး ငြိမ်သက်သွားသည်ဟု မဆိုလိုပါ။

ရက်သတ္တပတ်ပြီးသည့်နောက် သူမသည် သင်ခန်းစာများအတွက် တက္ကသိုလ်သို့ ပြန်လာသည့်အခါ သူမ၏အတန်းဖော်များမှာ သူ့အား ကြည့်နေကြသည်ကို ယွီယောင်သတိထားမိသည်။

ကျောင်းသားအများစုမှာ မကောင်းသောရည်ရွယ်ချက်များ မရှိသော်လည်း သူမသည် တိရစ္ဆာန်ရုံမှ ပန်ဒါဝက်ဝံကဲ့သို့ သိချင်စိတ်ဖြင့် ကြည့်ရှုနေကြသူများဖြင့် ဝန်းရံနေကာ သက်တောင့်သက်သာရှိသည့် ခံစားချက်မျိုး မဟုတ်ပေ။

ပထမသင်ခန်းစာပြီးသည့်နောက် ယွီယောင်သည် တက္ကသိုလ်မှ ထွက်သွားချင်သော်လည်း ယွမ်ကျင်းက သူမအား တားမြစ်ခဲ့သည်။

ယွမ်ကျင်းသည် ယွီကျွယ်၏ ကျွမ်းကျင်ပရိသတ်တစ်ယောက် ဖြစ်သည်။ ယွီယောင်အား သူမလေးနက်စွာ သတိထားမိသည်။

ယွီယောင်အား ရင်ဆိုင်လိုက်သောအခါ ယွမ်ကျင်းမှာ လုံးဝအပြစ်ရှိသလို ခံစားမိသည်။ သူမသည် သူမ၏လက်များအား ဆော့က‌စားနေတာ သက်တောင့်သက်သာ မဖြစ်ခဲ့ပေ။

သူမသည် ယွီယောင်ဆီသို့ တောင်းပန်ရန်လာခဲ့သည်။ “ငါ တောင်းပန်ပါတယ် ယောင်ယောင်။ ငါ့အနုပညာရှင် ဘယ်မှာလဲဆိုတာ ပရိသတ်ဂရုထဲကို ပြောပြမိတဲ့ငါ့အမှားပါပဲ။ အဲ့ဒီမုန်းတီးနေတဲ့ပရိသတ်တွေက နင်နဲ့နင့်အစ်ကိုကို ချောက်တွန်းဖို့ ဒီအခွင့်အရေးကို ရသွားတာပါ။ အားလုံးက ငါ့အမှားတွေပါ”

ယွီယောင်သည် ဤအဖြစ်အပျက်အကြောင်း များများစားစား မသိသော်လည်း ဤမိန်းမငယ်လေးမှာ ငိုတော့မည့်ပုံ ပေါ်နေသည်ကို မြင်ရသောအခါ ယွီယောင်မှာ သူမအားဆိုးရွားစွာ အပြစ်မတင်ရက်ပေ။

သူမသည် တည်ငြိမ်စွာ မေးခဲ့သည်။ “လူတိုင်းက ကောင်းချန်နဲ့ငါ့ရဲ့အကြောင်းကို သတင်းတွေဖြန့်တာ ရပ်လိမ့်မယ်လို့ ငါမျှော်လင့်တယ်လို့ ပြောလိုက်တာ ငါမှတ်မိတယ်”

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။حيث تعيش القصص. اكتشف الآن