Unicode
Chapter 38: ရသစုံရှိုး အကြိုပြသမှု
ပရိသတ်များဆီမှ ရယ်မောမှုရရှိပြီးသည့်နောက် သူတို့သည် သူတို့အနုပညာရှင်၏ အယ်လ်ဘမ်ဝယ်ယူရန် ပိုက်ဆံဖြုန်းခဲ့ကာ သူတို့၏အနုပညာရှင် ပြန်တိုက်နိုင်အောင် ကူညီရန် တစ်ညလုံးနေခဲ့ကြသည်ကို ပြင်းစွာ မြည်တမ်းနေမိခဲ့သည်။ အဆုံးတွင် သူတို့သည် သူတို့၏အနုပညာရှင်အား အဝေးမှသာ ကြည့်နေနိုင်သော ပရိသတ်များသာ ဖြစ်သည်။
တချို့လူများမှာ Weiboတွင် သူတို့၏အနုပညာရှင်များကိုပင် ဂရုမစိုက်ကြပေ။ သူတို့သည် ခေါင်းဆောင်စာရင်းဝင်ရန်အတွက် မည်သို့တိုက်ခိုက်ရမည် သို့မဟုတ် မုန်းတီးသည့် အနုပညာရှင်များအား မည်သို့တွန်းလှန်ရမည်ကိုပင် မသိခဲ့ကြသော်လည်း သူတို့သည် သူတို့၏အနုပညာရှင်နှင့် နေ့တိုင်း နေထိုင်နိုင်သည်။ ဤသည်မှာ ကမ္ဘာကြီး၏မတရားမှုလား။
ထို့ကြောင့် အချို့ပရိသတ်များက ပြောလိုက်သည်။ “အစ်ကိုနဲ့ညီမက အရမ်းရင်းနှီးနေတယ်လို့ မထင်ဘူးလား”
လူတိုင်း သဘောတူခဲ့ကြသည်။
ယွမ်ကျင်းသည် ပရိသတ်များ၏စိတ်အခြေအနေကို ကောင်းစွာနားလည်သည်။ သူတို့၏အနုပညာရှင်သည် အခြားအမျိုးသမီးတစ်ယောက်အပေါ် ချစ်ခင်ကာ သူမအတွက်ပင် သူ၏အသက်ပါ ပေးဆပ်နိုင်သည်ဟုတွေးရန် သူတို့အတွက် ခဲယဉ်းလှသည်။ သို့သော် ဤအမျိုးသမီးသည် သူ၏ညီမအရင်း ဖြစ်နေလျှင် ဤသည်မှာ ကွာခြားသည်။ ဤညီမလေးမှာ လိမ္မာကာ လောဘမကြီးသရွေ့ သူ၏ပရိသတ်များလည်း သူမအားချစ်လိမ့်မည် ဖြစ်သည်။
တိုက်ဆိုင်စွာနှင့် “ငါမသိတဲ့တစ်ဖက်ခြမ်း” သည် ပရိုမိုးရှင်းကာလသို့ ရောက်နေသောကြောင့် ယွမ်ကျင်းသည် Weibo ပေါ်တွင် ယွီယောင်နှင့်ပတ်သက်သည့် အကြောင်းအရာတချို့ကို မကြာခဏပို့စ်တင်ခဲ့သည်။ တစ်ခါတစ်ရံ၌ သူမသည် ပုံများ တစ်ပုံသို့မဟုတ်နှစ်ပုံကို ထည့်ထားခဲ့သည်။ သို့သော် ထိုပုံများမှာ အလွန်သီးသန့်ဆန်ကာ ယွီယောင်၏မျက်နှာအား ဘယ်သောအခါမှ မထုတ်ဖော်ခဲ့ပေ။
ဥပမာအားဖြင့် မနက်ပိုင်းပထမအချိန်တွင် ယွီယောင်သည် အရှေ့တန်း၌ထိုင်ကာ သူမ၏မျက်လုံးများ ဖွင့်ထားကာ အိပ်ငိုက်နေခဲ့သည်။ သူမအား သူမ၏ဆရာမမှ မေးခွန်းများမေးသောအခါ သူမသည် အလွန်အံ့ဩသွားသောကြောင့် သူမထခုန်မိသွားသည်။

YOU ARE READING
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Romanceဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...