Part 34

3.1K 291 1
                                    

Unicode
Chapter 34: 

လူထုအမြင်၏ဂယက်

မုန်းတီးသည့် ပရိသတ်များသည် ယွီကျွယ်နှင့်ယွီယောင်တို့နှင့်ပတ်သက်၍ သူတို့၏အမြင်ထဲမှ အဆိုးဆုံးသော သဘောထားများအား အလိုအလျောက် လက်ခံကျင့်သုံးလာကြသည်။

သူတို့စီစဉ်ထားခဲ့သော အဖြစ်အပျက်များအား ပြန်သုံးသပ်ရာတွင် ယွီယောင်သည် ကောင်းချန် ပြောခဲ့သလိုပင် ဖြစ်သည်။ သူတို့၏ဆက်ဆံရေးတစ်လျှောက် သူမသည် ကိုယ်တုံးလုံးပုံများနှင့် လိင်ပိုင်းဆိုင်ရာတိပ်ခွေများ ပြုလုပ်ခဲ့သည်။ နောက်ပိုင်းတွင် သူမသည် သူ့အား ဆင်းရဲသောကြောင့် မထီမဲ့မြင်ပြုကာ သူဌေးသားအပေါ်တွင်သာ အာရုံစိုက်လိုက်ပြီး သူမ၏ရည်းစားဟောင်းကို စွန့်ပစ်ခဲ့သည်။ သူမ၏ရည်းစားဟောင်းမှ ရှင်းပြချက်ပေးရန် တောင်းဆိုသောအခါ သူမသည် သူမ၏အစ်ကိုဖြစ်သော ယွီကျွယ်အား သူ့ကို အရှက်ရအောင် ရိုက်နှက်ခိုင်းခဲ့သည်။

တစ်ဖက်တွင်မူ ယွီကျွယ်သည် သူမ၏သိက္ခာနှင့် လေးစားမှုကိုပင် ဂရုမစိုက်သောညီမငယ်အတွက် နစ်နာသူအား ခွဲခြားစွာ တိုက်ခိုက်သည့် အကြမ်းဖက်သောလူတစ်ဦး ဖြစ်ခဲ့သည်။ အဆုံးတွင် ဤမောင်နှမနှစ်ဦးသည် အလွန်ရက်စက်သည့် အပြုအမူနှင့် ယွီယောင်၏ရည်းစားဟောင်းအား ထောင်ထဲသို့ပို့ရန် ဥပဒေကို သုံးခဲ့သည်။

ယွီကျွယ်နှင့်သူ၏ညီမမှာ တောက်ပသောအနာဂတ်နှင့် ရိုးသားသော ကောလိပ်ကျောင်းသားအား ဥပဒေကိုကြိုးကိုင်ကာ ‌အကောက်ကြံရန် သူတို့မိသားစု၏ကြွယ်ဝမှုနှင့်အာဏာကို သုံးခဲ့ကြသည်ဟု မုန်းတီးနေသည့် ပရိသတ်များက အခိုင်အမာ ပြောခဲ့ကြသည်။

ချမ်းသာသော အရင်းရှင်များနှင့် သာမန်လူများကြား ပဋိပက္ခအား လူတိုင်းသဘောကျနေကြပုံ ပေါ်သည်။ အရင်းရှင်များမှာ သူတို့၏စည်းစိမ်ရာထူးများနှင့် သူတို့လုပ်ချင်သည့်မည်သည့်အရာမဆို လုပ်လိမ့်မည်ဟု လူများက ပို၍ယုံကြည်ခဲ့ကြသည်။ ဤကဲ့သို့ အဖြစ်အပျက်မျိုးနှင့် ကြုံတွေ့ရသောအခါ အင်တာနက်သုံးစွဲသူများသည် ရည်းစားဟောင်းအား သူတို့၏ကြင်နာမှုကို ပြသကာ ယွီမိသားစုအပေါ်သို့ ဒေါသထွက်နေကြသည်။

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Donde viven las historias. Descúbrelo ahora