Chapter 125: အပြန်အလှန် ဝန်ခံခြင်း
ထို့နေ့က သုဿာန်တွင် ဆန်းကြယ်သည့်လူအား သူတို့တွေ့ပြီးသည့် အချိန်ကတည်းက ယွီယောင်၏အခြေအနေမှာ အနည်းငယ် မငြိမ်မသက်ဖြစ်နေခဲ့သည်။ သို့သော် ယွီလန်နှင့်ယွီဟန်တို့မှာ သူမအလုပ်တွင်နစ်မွန်းနေကြောင်း မြင်သောအခါ သူတို့သည် ဤအရာအား စိတ်ထဲ၌မထားခဲ့ပေ။
ယွီယောင်၏ စိတ်ပိုင်းဆိုင်ရာ ပြိုလဲမှုအား မြင်ရပြီးနောက် ယွီလန်နှင့်ယွီဟန်နှစ်ယောက်တို့သည် ထိုနေ့မှစ၍ သူမတွင် ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာအမာရွတ်တစ်ခု ကျန်နေခဲ့ကြောင်း ထင်ခဲ့ကြသည်။
ယွီဟန်သည် ယွီယောင်၏ပခုံးအား ဆုပ်ကိုင်ကာ အနည်းငယ်ညှစ်ပြီး သူမ၏အာရုံစိုက်မှုအား ရယူချင်နေခဲ့သည်။ "ယောင်ယောင်၊ မဟုတ်တာတွေမတွေးမိစေနဲ့။ နင့်ကိုယ်နင် အပြစ်မတင်ပါနဲ့။ နင့်အမှားမဟုတ်ဘူး..."
ယွီယောင်၏မျက်လုံးထဲတွင် မျက်ရည်များနှင့်ကြည့်နေခဲ့သည်။ "အစ်ကိုလတ်က ဘာမှမသိဘူး။ မဟုတ်ဘူး။ အစ်ကိုက ညီမအစ်ကိုလတ်မဟုတ်ဘူး။ အစ်ကိုနဲ့ညီမက မဆိုင်ဘူး။ ညီမကယွီယောင်ရဲ့ခန္ဓာကိုယ်ကို ယူထားတဲ့သူခိုးပဲ။ ညီမမရှိရင် မကောင်းမှုတွေအားလုံးက ယွီယောင်အပေါ်မှာပဲ ရောက်သွားလိမ့်မှာ။ အစ်ကို့မိသားစုနဲ့ ယွီဝမ်တို့အားလုံး ပျော်ပျော်ကြီးနေရမှာ..."
သူမ၏ဝန်ခံမှုသည် ယွီလန်နှင့်ယွီဟန်တို့အား ထိတ်လန့်စေကာ ဒေါသထွက်ရလိမ့်မည်ဟု သူမထင်ခဲ့သည်။ သို့သော် သူမ၏မျက်ရည်ဝဲနေသော မျက်လုံးများမှတစ်ဆင့် ယွီလန်နှင့်ယွီဟန်သည် သူမအား အပြစ်တင်စိတ်နှင့် နာကျင်မှုများဖြင့် ကြည့်နေသည်ကို မြင်ခဲ့ရသည်။
ယွီဟန်သည် သူမအားဖက်ကာ သူ၏မျက်လုံးများမှာ ရီဝေနေခဲ့သည်။ သူသည်တီးတိုးပြောလိုက်သည်။ "ယောင်ယောင်၊ အဲ့လိုမပြောပါနဲ့။ နင်ကငါတို့ရဲ့ညီမလေးပဲအမြဲဖြစ်မှာ။ ငါတို့ကမိသားစုပါပဲ"
ယွီလန်သည်လည်း သူ၏ညီနှင့်ညီမငယ်များအား ဖက်ရန် လက်ဆန့်လိုက်သည်။ သူ၏အသံမှာ စိတ်ခံစားချက်များနှင့် ဆို့နှင့်နေခဲ့သည်။ "ယောင်ယောင်၊ နင်ကနင်ကိုယ်ပိုင်မဟုတ်မှန်းငါတို့သိပြီးသားပါ။ နင်ကယောင်ယောင်ရဲ့ ဒုတိယကိုယ်ရည်ကိုယ်သွေးပဲ။ နင်ကငါတို့ရဲ့မိသားစုမဟုတ်ရင်တောင် ငါတို့နင့်ကို ညီမလေးအဖြစ် ဆက်ဆံမှာပါ..."

ESTÁS LEYENDO
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Romanceဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...