61 01
Chapter 61: ရှောင်းလျန်၏သတိပေးခြင်း
ယွီယောင်သည် ဘုရင်ကြီး၏လက်ကို မကာ ရှောင်းလျန်အား ဝှေ့ယမ်းပြလိုက်သည်။ ဤကဲ့သို့သော ကလေးဆန်သည့်အပြုအမူအား သူမ အလိုအလျောက် ပြုမူလိုက်သည်။ ရှောင်းလျန်သည် အချိန်တစ်ခုကြာ သူ့အား ထားသွားမည်ကို ဘုရင်ကြီး သဘောပေါက် သွားကာ ရှောင်းလျန်၏ လက်ဖဝါးအား အချိန်ကြာကြာ ပွတ်သပ်ပေးနေသည်။
ထို့ကြောင့် ရှောင်းလျန်သည် ပြုံးမိလိုက်သည်။ "ငါ မင်းကို နိုင်ငံခြား မခေါ်သွားလို့ ပျော်နေတယ်မလား"
ထို့နောက်သူသည် သူ၏လက်အား မကာ ယွီယောင်၏ ခေါင်းပေါ်သို့ သူ၏နွေးထွေး၍ ခြောက်သွေ့နေသော လက်ဖဝါးအား တင်လိုက်သည်။ သူမ၏ကြောင်ကြည့်နေသော အကြည့်အောက်တွင် သူသည် ဘုရင်ကြီးအား ပွတ်သပ်ပေးသကဲ့သို့ သူမ၏ခေါင်းအား ညင်သာစွာ ပွတ်ပေးနေသည်။
"တကယ်တော့ ဘုရင်ကြီးထက်စာရင် ငါမင်းကို ပိုပြီးစိတ်ပူတယ်။ ဒါပေမဲ့ ခုတလော ယွီမိသားစုရဲ့လုပ်ဆောင်မှုကို ကြည့်ရတာ သူတို့မင်းကို တော်တော်ကောင်းကောင်း ဂရုစိုက်တဲ့ပုံပဲ။ ဒီလိုဆို မင်းကို ကာကွယ်ဖို့ မလိုအပ်တဲ့အပြုအမူမျိုး ငါမလုပ်တော့ဘူး"
ယွီယောင်သည် သူမနှင့် ရှောင်းလျန်၏ တည်နေရာအား သတိတကြီး စိုက်ကြည့်နေခဲ့သော ယွီကျွယ်အား နောက်လှည့်ကြည့်လိုက်သည်။ သူသည် သူတို့အား ခွဲချင်နေသည် မှာ မအောင့်အည်းနိုင်တော့ပုံ ပေါ်သည်။
ယွီယောင်သည် နှာခေါင်းရှုံ့မိသည်။ သူမပြောသောအခါ သူမ၏နှလုံးသားမှာ နူးညံ့သွားသည်။ "ယွီဟန်နဲ့ယွီလန်က အသုံးဝင်လောက်ရုံပါပဲ။ ယွီကျွယ်သာ ကျွန်မကို ဒုက္ခပေးမှာပါ။ ဒါပေမဲ့ သူတို့ စောင့်ရှောက်မှုကို ကျွန်မ မလိုပါဘူး။ ကျွန်မဘာသာကျွန်မ စောင့်ရှောက်နိုင်ပါတယ်"
အေးစက်လွန်းသည်။ သူမ၏ကို ယ်ရည်ကို ယ်သွေးမှာ ကြောင်တစ်ကောင်နှင့် ထပ်တူညီနေသည်။ ရှောင်းလျန်၏ခေါင်းထဲ ဤအသိဝင်သွားသောအခါ သူသည် ယွီယောင်၏ခေါင်းအား ထပ်မံပုတ်မိလိုက်သည်။

YOU ARE READING
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Romanceဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...