Part 22

4K 381 5
                                    

Unicode
Chapter 22: နို့လက်ဖက်ရည်နှင့် ဆွဲဆောင်မှု

သုံးပွင့်ဆိုင်အချစ်တွင် အဓိက‌ဇာတ်ကောင်သည် စင်ပေါ်မှထွက်သွားခဲ့သောကြောင့် ပြပွဲကြည့်ရန်ဝိုင်းရပ်ကြည့်နေကြသောကျောင်းသားများမှာ တုံ့ဆိုင်းမနေတော့ပေ။ သူတို့သည် ဇာတ်လမ်းနှင့်ပတ်သက်၍ အမြင်တချို့ရှိပုံပေါ်သောကြောင့် သူတို့သည်အုပ်စုသုံးစု သို့မဟုတ် ငါးစုခွဲကာဆွေးနွေးခဲ့ကြသည်။

ယွီယောင်သည်ကောင်းချန်၏နောက်ပြန်ဆုတ်သွားသော ပုံရိပ်အား‌အတွေးများစွာဖြင့်ကြည့်နေခဲ့သည်။ ဤလူသည်အနာဂတ်တွင် အသုံးဝင်နိုင်သေးသည်ဟု သူမထင်ခဲ့မိသည်။ အချိန်အတိုင်းအတာတစ်ခုထိ သူ့အားအနားတွင်ထားထားသည်မှာပို၍ကောင်းမည်။

“မင်းငါ့ရဲ့အကူအညီလိုလား” ရှောင်းလျန်ကမေးခဲ့သည်။ “ဒီကောင်က မင်းနောက်လိုက်နေတာပဲမဟုတ်ဘူးထင်တယ်။ သူမင်းဆီကပိုလိုချင်နေသလိုပဲ”

ယွီယောင်ဆီမှခေါင်းငြိမ့်မှုတစ်ခုရခဲ့လျှင်တောင် သူမနှင့်လာ၍ရှုပ်နေသောလူအား လုံးဝပျောက်ကွယ်သွားအောင် လုပ်နိုင်သောကြောင့် သူသည်တိုက်ခိုက်ချင်စိတ်ပြင်းပြနေပုံပေါ်သည်။

ဤအတွေးသည်အနည်းငယ်ရယ်စရာကောင်းသည်ဟု ယွီယောင်ထင်ခဲ့သည်။ ဤသည်မှာတရားမျှတသောလူ့အဖွဲ့အစည်းဖြစ်သည်။ အနည်းငယ်စိတ်ပိုင်းဆိုင်ရာရှုပ်ထွေးသွားမှုကြောင့် မည်သူသည်တစ်စုံတစ်ယောက်အား ပျောက်ကွယ်အောင်လုပ်နိုင်မည်နည်း။

ဤလူမှာမည်မျှအန္တရာယ်ရှိသည်ကို ယွီယောင်မသိသည်မှာထင်ရှားသည်။

ယွီယောင်သည် သူမခေါင်းအားခါပြလိုက်သည်။ “အတိတ်ကသူ့စိတ်ရင်းကိုမသိရင်တောင် အခုတော့နားလည်နေပါပြီ။ သူကကျွန်မရဲ့ခံစားချက်တွေနဲ့ကစားချင်တာက ရွံဖို့ကောင်းပေမယ့် သူကတခြားတစ်ယောက်ရဲ့အမိန့်ကိုပဲလိုက်‌နာနေတာပါ။ သူကကျွန်မအတွက်ပိုပြီးတောင်အသုံး‌ဝင်နေမှာပါ”

ရှောင်းလျန်မှာခေါင်းငြိမ့်ပြခဲ့ပြီး သူ၏သတ်ပစ်ချင်စိတ်အား ထိန်းထားလိုက်ပါသည်။

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Where stories live. Discover now