Unicode
Chapter 30:ငွေညှစ်ခြင်းနှင့်အကျပ်ကိုင်ခြင်း
ဤအချိန်တွင် အနီးဝန်းကျင်ရှိလူအုပ်ကြီးမှာ ဆူညံနေကြပြီဖြစ်သည်။ မထီမဲ့မြင်ပြုသော အကြည့်များနှင့် ကြမ်းတမ်းသော စကားများအားလုံးသည် လူအုပ်၏အလယ်မှ ယွီယောင်အား ဦးတည်နေသည်။
သို့သော် အနီးဝန်းကျင်ရှိ ကျောင်းသားများမှာ မုန်တိုင်း၏အလယ်တွင်ရှိသော မိန်းကလေးမှာ ယခုထိ တည်ငြိမ်နေသေးသည်ကို သိခဲ့ကြသည်။
သူမသည် စိတ်အေးနေသောအမူအရာဖြင့် ခေါင်းညိတ်ပြခဲ့ပြီး စိတ်ရှုပ်နေသော ကောင်းချန်အား ပြောလိုက်သည်။ “ရှင်ဘာလုပ်နေလဲဆိုတာ ကျွန်မနားလည်တယ်။ ရှင်ပိုက်ဆံပဲ လိုချင်နေတာမလား”
ကောင်းချန်သည် နာကျင်မှုအားတောင့်ခံကာ ရယ်လိုက်သည်။ “ဟားဟား... မင်းသိနေရင်လည်း ဘာလို့မေးလဲ”
ယွီယောင်သည် ပခုံးတွန့်ပြလိုက်သည်။ “ကောင်းပြီး။ ကျွန်မရှင့်ကို ပိုက်ဆံပေးမယ်”
တစ်ဖက်တွင် ဒေါသအား ထိန်းချုပ်နေခဲ့သော ယွီကျွယ်သည် နောက်ဆုံးတွင်သည်းမခံနိုင်တော့ပေ။ “ယောင်ယောင် ငါဒီကောင်နဲ့ ရှင်းလိုက်မယ်”
ယွီယောင်သည် သူ့အား မျက်စောင်းထိုးလိုက်သည်။ “သူနဲ့ဘယ်လိုရှင်းမှာလဲ။ လူတွေအများကြီးရှေ့မှာ သူ့ကို ပျော့ခွေကျသွားအောင် ထိုးမလို့လား။ ပြီးရင် သူက ဆေးရုံသွားပြီး အစ်ကို့ကိုလည်း ရဲစခန်းပို့လိမ့်မယ်။ သူ့အတွက် ဆေးဖိုးတွေပေးနေရမှာမို့ ပိုကုန်နေမယ်”
“ဒ-ဒါပေမဲ့ နင့်ရဲ့အစ်ကိုတစ်ယောက်အနေနဲ့ နင့်ကိုခြိမ်းခြောက်နေတာ ဘယ်လိုလုပ် ကြည့်နေနိုင်မှာလဲ” ယွီကျွယ်သည် သနားစိတ်နှင့်ဒေါသတကြီး ကြည့်ခဲ့သည်။
“ဒါဆို မကူညီနိုင်တဲ့ပြဿနာအတွက် စိတ်ပူနေတာလား။ လွယ်ပါတယ်။ မကြာခင်မှာ အစ်ကို့အတွက်အသုံးဝင်မှာပါ”
ယွီယောင်သည် ထိုင်ချလိုက်ကာ ကောင်းချန်၏အိတ်ကပ်ထဲမှ ဖုန်းကိုယူလိုက်သည်။ သူသည် ကောင်းချန်အား လျှို့ဝှက်နံပါတ် နှိပ်ခိုင်းပြီးနောက် ဖုန်းထဲမှငွေပေးချေမှု ကုဒ်နံပါတ်အား ဖွင့်ကာ ယွီယောင်ဆီ ရောက်လာခဲ့သည်။

ANDA SEDANG MEMBACA
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Romantikaဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...