Part 84

1.4K 109 0
                                    

84 01

Chapter 84: နှလုံးသားချင်း

ယွီဝမ်၏သည်းမခံနိုင်သော သဘောထားမှာ ထုတ်လုပ်ရေးအဖွဲ့မှ သူမအား လတ်ဆတ်သော ပါဝင်ပစ္စည်းများ ပေးစေခဲ့သည်။ ဤသို့သော လတ်ဆတ်သည့် ပါဝင်ပစ္စည်းများနှင့် သူတို့သည် ညဘက်၌ရွာထဲတွင် အစားအသောက်ရှာရန် အလုပ်အလွန်ကြိုးစားရန် မလိုတော့ပေ။ သူမသည် ကြီးမားသောလုပ်ရပ် လုပ်ခဲ့သည်ဟု ယွီဝမ်ခံစားမိကာ ပါဝင်ပစ္စည်းများအား ဂုဏ်ယူစွာနှင့် အိမ်ကလေးဆီသို့ ပြန်သယ်သွားခဲ့သည်။

ညစာကို ကျေးလက်တောရွာများတွင် မြင်ဖူးလေ့ရှိသော ရွှံ့စေးမီးဖိုအမျိုးအစားမျိုးပေါ်၌ ပြုလုပ်ရသည်။ ယွီဝမ်သည် သူမ၏လက်များအား ရေထဲသို့ပင် မထည့်ဘူးသော နူးညံ့သည့် မိန်းမငယ်လေးဖြစ်သည်။ ယွီကျွယ်သည် သူ၏ယခင်ဘဝက ကြမ်းတမ်းသောဘဝမျိုးနေထိုင်ခဲ့ရလျှင်တောင် သူသည် ကျေးလက်တောရွာထဲ၌ တစ်ခါမျှ အမှန်အကန် မနေဖူးခဲ့ပေ။ သူသည်ဤရွှံ့စေးမီးဖိုများအား ကိုင်တွယ်ရန် နည်းလမ်းလုံးဝမရှိသောကြောင့် ရှင်သန်နိုင်စွမ်းရည် အပြည့်အဝရှိသော ယွီယောင်ကိုသာ အားကိုးနိုင်ခဲ့သည်။

ယွီယောင်သည် ကျွမ်းကျင်စွာနှင့် မီးမွှေးကာ ညစာပြင်ဆင်ခဲ့သည်။ ယွီဝမ်သည် ယွီကျွယ်ရှင်းလင်းထားသော ခြံငယ်လေးထဲ၌ ထိုင်ကာ မြို့ထဲ၌မမြင်နိုင်သော ကြယ်များအား ကြည့်နေခဲ့သည်။ သူမသည် စိတ်အေးလက်အေးဖြစ်နေပုံရသည်။

ယွီကျွယ်သည် မီးဖိုချောင်ထဲတွင် ယွီယောင်အား ကူညီချင်သော်လည်း မီးဖိုချောင်ထဲမှ မီးခိုးငွေ့ကြောင့် ဆို့သွားကာ ဆက်တိုက်ချောင်းဆိုးနေခဲ့သည်။ သူ၏မျက်လုံးများမှာ မျက်ရည်များနှင့် ပြည့်နေကာ ခဏကြာသောအခါ သူ၏ပွတ်သပ်မှုကြောင့် နီရဲလာခဲ့သည်။

သူသည် အမှန်တကယ်ပင် သက်တောင့်သက်သာ မဖြစ်သည်ကို မြင်လိုက်ရသောအခါ ယွီယောင်သည် ယွီကျွယ်အား မီးဖိုချောင်မှ တွန်းထုတ်လိုက်သည်။ "သွားပြီး အပြင်မှာစောင့်နေ။ မီးဖိုချောင်ထဲ ပြဿနာမရှာနဲ့"

ယွီကျွယ်သည် ချောင်းဆိုးကာ စိတ်ပူစွာနှင့် ပြောလိုက်သည်။ "ယောင်ယောင်၊ နင်တစ်ယောက်တည်း လုပ်နိုင်ရဲ့လား။ ငါအထဲဝင်ပြီး နင့်ကိုကူပေးရမလား"

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Where stories live. Discover now