56 01
Chapter 56: ရှင်းပြချက်
ယွီယောင်သည် သူ၏စိတ်ထဲ၌ ပေါ်လာသော ဝိုးတဝါးမြင်ကွင်းတချို့ကို ဂရုတစိုက် ပြန်တွေးကြည့်မိသည်။ ယွီဝမ်သည် မူလယွီယောင်အား ကြွားဝါနေသည့်အခါ သူမသည်ကုမ္ပဏီမှ အမြတ်ဝေစုများရရှိသည်ဟု တိုက်ရိုက်ပြောခဲ့ပုံမပေါ်ပေ။ ထိုအစား သူမသည် မူလယွီယောင်အား အထင်မှားစေရန် မရေရာသော စကားလုံးများအား အသုံးပြုခဲ့သည်။
ယွီယောင်သည် ကိစ္စ၏အဖြစ်မှန်အား ယခုသိသွားသောအခါ သူမသည်ရှုပ်ထွေးစွာ မျက်မှောင်ကြုတ်ခဲ့သည်။
"ယွီဝမ်က တစ်ခုခု မှားနေတာလား။ သမီးအရင်းဖြစ်တဲ့ညီမက ယွီမိသားစုဆီ ပြန်လာနေပြီလေ။ ယွီဝမ်က ညီမတို့ကြား သဘောထားကွဲလွဲမှုတွေ ဘယ်လောက်ပဲလုပ်လုပ် အစ်ကိုတို့က အမေ့ရဲ့ဆန္ဒတွေနဲ့ သမီးအရင်းဖြစ်တဲ့ ညီမအပေါ် လောကရဲ့အမြင်တွေကို တကယ်လျစ်လျူရှုပြီး ယွီဝမ်ကိုဝေစုတွေပေးမှာလား"
ယွီလန်၏နှလုံးသားမှာ နာကျင်သွားခဲ့သည်။ လူတိုင်းယွီယောင်ကြောင့် စိတ်ပျက်လက်ပျက် ဖြစ်နေချိန်၌ သူတို့သည် အမှန်တကယ်ပင် ယွီယောင်အတွက် သူတို့မိသားစုပြင်ဆင်ထားသော ဝေစုများအား ယွီဝမ်ဆီသို့ပေးအပ်ရန် တွေးခဲ့မိသည်။ နောက်ပိုင်းတွင် သူတို့၏မိခင်ဖြစ်သူ ချန်လင်းမှာ ပြင်းထန်စွာ ကန့်ကွက်ကာ သူမ၏အသက်ဖြင့်ပင် သူတို့အား ခြိမ်းခြောက်သောကြောင့် သူတို့အဖေနှင့်သူတို့သုံးယောက်တို့မှာ စိတ်ပြောင်းသွားခဲ့သည်။
ထိုအချိန်၌ ယွီဝမ်သည် သူမရလုနီးသော ရှယ်ယာများ ပျောက်ကွယ်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူမသည် အချိန်အတော်ကြာ မိသားစုနှင့်ရန်ဖြစ်ခဲ့သည်။
ထိုအချိန်မှစ၍ ယွီဝမ်၏သရုပ်မှန်များအား သူတို့တွေ့ခဲ့ရသော်လည်း သူတို့၏ပုံမှန်အတွေးများကြောင့် ယွီဝမ်၏ယခင်လုပ်ဆောင်ချက်များမှာ သူတို့အား လေးနက်စွာ ယုံကြည်စေခဲ့သည်။ ထိုအရာမှာ နောက်ဆုံးတွင် ယွီမိသားစု၏အဖြစ်ဆိုး ဖြစ်စေခဲ့သည်။
သူ၏ပြန်လည်မွေးဖွားမှုပြီးနောက် ယွီလန်သည် ထိုကဲ့သို့ ဝမ်းနည်းစရာအဆုံးသတ်မျိုး မဖြစ်စေရန် ကတိသစ္စာပြုခဲ့သည်။ ထို့ကြောင့် သူသည် ယွီယောင်နှင့်သူတို့ကြား အထင်လွဲမှုများ ပိုမိုကြီးထွားလာအောင် ခွင့်ပြုမည်မဟုတ်ပေ။

ANDA SEDANG MEMBACA
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Romantikaဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...