Part 142

671 62 0
                                    


Chapter 142: အမှိုက်

ယခင်က ယွီဟုန်သည် ယွီဝမ်အား သူမ၏အပြုအမူအား သူမ၏မိခင်မှ သူမ၏အပြုအမူကို အထူးထိန်းကျောင်းကာ ပြုစု၍ ယွီယောင်နှင့်ဆင်တူသွားရန် မွမ်းမံပြီးနောက် ယွီမိသားစုဆီသို့ တမင်ပို့ခဲ့သည်ကို မသိခဲ့ပေ။

ယွီဝမ်၏မိခင်မှာ ယွီဟုန်အား မိဘမဲ့ဂေဟာ၌ မတွေ့ခင် သူမသည် သူမ၏သမီးအရင်းအား ယွီမိသားစုထံပို့ရန် အစီအစဉ်များပြုလုပ်ပြီးသားဟန်ပေါ်သည်။ သို့သော် သူမမည်မျှကြာစီစဉ်နေခဲ့သည်ကို သူတို့မသိခဲ့ပေ။

ဤအရာအားတွေးမိသောအခါ သူသည် ယွီဟန်အားကြည့်ကာ မေးလ်ိုက်သည်။ "ယွီဝမ်၊ နင့်အမေက နင့်အမေနင့်အတွက် ယွီမိသားစုကမွေးစားခံရဖို့ စီစဉ်ထားခဲ့တာက နင့်ကိုရှာတွေ့ပြီးနောက်လား ဒါမှမဟုတ် ယောင်ယောင်ပျောက်သွားပြီးတဲ့နောက်လား မဟုတ်ရင် ယွီမိသားစုဆီမှာ အလုပ်မလာခင်ကတည်းကလား။

အချိန်ကွာခြားချက်မှာ ယွီဝမ်၏မိခင်အရင်း ပြစ်မှုကျူးလွန်ခဲ့ခြင်းရှိမရှိ ဆုံးဖြတ်သည်။ ယွီယောင်ပျောက်ကွယ်သွားပြီးနောက် သူမသည် ယွီမ်အား ယွီမိသားစုဆီသို့ သူတို့၏မွေးစားသမီးဖြစ်ရန် ပို့ခဲ့လျှင် သူမသည်သူမ၏သမီးအရင်းအား အကျိုးအမြတ်များရရန် အသုံးပြုချင်နေခဲ့သော ထက်မြက်သည့် အမျိုးသမီးတစ်ဦးပင်ဖြစ်သည်ဟူ၍သာ ပြောနိုင်မည်။

သို့သော် ကလေးထိန်းမှာ ယွီမိသားစုထံအလုပ်လုပ်ရန် ပထမဆုံးလာသည့်အချိန် သို့မဟုတ် ယွီမိသားစုထံအလုပ်လုပ်ရန် မလာခင်မှာပင် ဤကဲ့သို့သော အတွေးမျိုးရှိခဲ့လျှင် ဤသည်မျာ ယွီယောင်၏ ပျောက်ဆုံးမှုနှင့် ယွီဝမ်၏မွေးစားခြင်းအပါအဝင် အားလုံးမှာကြံစည်ထားသည်ဟူ၍သာ ဆိုလိုနိုင်သည်။

ယွီဝမ်သည် ထိတ်လန့်မှုကြောင့် ပါးစပ်ဟသွားခဲ့သည်။ အစတွင် သူမ၏တုံ့ပြန်မှုသည် သူမ၏မိခင်အရင်းတည်ရှိမှုအား ဆက်လက်ငြင်းဆန်ရန်ပင်ဖြစ်သော်လည်း ယွီဟန်၏အမူအရာမှာ အေးစက်လွန်းပြီး သူ၏မျက်လုံးများမှာ စိတ်မရှည်မှုဖြင့် ပြည့်နေသည်။

ယွီဟန်ထံမှ ထိုကဲ့သို့ရွံရှာမှုမျိုး အကြည့်ခံရသောအခါ ယွီဝမ်သည် နောက်ထပ်မလိမ်နိုင်တော့ပေ။ သူမသည်ခေါင်းကိုငုံ့ကာ အဆုံးတွင် သူမသိ‌ခဲ့‌သော အမှန်တရားအား ပြောပြခဲ့သည်။ "သမီးဘာမှမသိပါဘူး။ အသက်ဆယ့်နှစ်နှစ်မတိုင်ခင်က သမီးကိုဖေဖေမွေးစားခဲ့တဲ့ မိဘမဲ့လိုပဲ အမြဲထင်ခဲ့တာပါ။ မိဘမဲ့ဂေဟာမှာ ရှိတဲ့အချိန်တုန်းက သမီးအမေက သမီးတို့ဆက်ဆံရေးကို လုံးဝမဖော်ထုတ်ခဲ့ဘူး"

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Tempat cerita menjadi hidup. Temukan sekarang