Part 153

671 53 0
                                    


Chapter 153: သူမဂရုအစိုက်ဆုံးအရာ

ချန်းလင်မှာ မတွေးတောဘဲ သူမ၏စိတ်ခံစားချက်များအား ဖွင့်ထုတ်နေသည်သာဖြစ်ကြောင်း ယွီလန်၊ယွီဟန်နှင့် ယွီကျွယ်တို့ သိကြသောကြောင့် သူတို့၏စိတ်ထဲတွင် ဝမ်းနည်းသည့် ခံစားချက်မျိုးမရှိခဲ့ပေ။ တစ်ဖက်တွင်မူ သူတို့သည် ချန်းလင်၏စကားများအား သဘောတူခဲ့ကြသည်။ ထိုအချိန်တုန်းက ပြန်ပေးဆွဲခံရသူမှာ အဘယ်ကြောင့် ငယ်ရွယ်၍အားနည်းသော ယွီယောင်ဖြစ်ခဲ့ရသနည်း။

အသိဉာဏ်ပိုရှိကာ အသက်ပိုကြီးသောသူတစ်ယောက် ဖြစ်ခဲ့လျှင်ပင် သူတို့သည် သူတို့ကိုယ်သူတို့ ကာကွယ်ရန်နည်းလမ်းများတွေးကာ သူတို့၏မိသားစုအား ဆက်သွယ်ရန် အခွင့်အရေးကိုရှာကြလိမ့်မည်။ ထို့နောက် သူတို့၏ညီမမှာ ဤမျှလောက်နာကျင်မှုမျိုး ခံစားရမည်မဟုတ်ဘဲ အသေခံဗုံးခွဲကာ အဆောက်အဦးပေါ်မှ ခုန်ချပြီး သတ်သေလိမ့်မည်မဟုတ်ပေ...

သူတို့ပြန်လည်မွေးဖွားလာသည့် အချိန်ကတည်းက ယွီလန်၊ယွီဟန်နှင့် ယွီကျွယ်တို့မှာ နာကျင်မှုနှင့်နောင်တတရားတို့ ဆက်တိုက်ဖြစ်ပေါ်နေခဲ့သည်။ သူတို့၏နောင်တတရားမှာ နက်ရှိုင်းလှသည်ဟု သူတို့ထင်ခဲ့ကြသော်လည်း ဤအခိုက်အတန့်တွင် သူတို့ယခင်က ပြုလုပ်ခဲ့သော အတွေးများနှင့်ကတိများမှာ ရှင်းလင်းမနေသည်ကို သူတို့သတိပြုမိခဲ့ကြသည်။ သူတို့မည်မျှပင် ကြိုးစားစေကာမူ ယွီယောင်တစ်ကြိမ်က ခံစားခဲ့ရသော အနာတရအား မပြေလည်စေနိုင်ပေ။

ညီအစ်ကိုသုံးယောက်မှာ ရပ်နေကာ သူတို့အား ချန်းလင်ကို ရိုက်ခွင့်ပေးခဲ့သည်။ ချန်းလင်မှာ သူမ၏ဒေါသအား ဖော်ထုတ်ပြီးနောက် နစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့သည်။

ယွီဟုန်သည် စိတ်ရှုပ်ထွေးသည့်အကြည့်ဖြင့် သူ၏အရှေ့တွင်ရပ်နေသော သားသုံးယောက်အား လှမ်းကြည့်လိုက်သည်။ သူတို့သည် သူ့ထက်ပို၍အရပ်ရှည်နေပြီဖြစ်သော်လည်း အမှားလုပ်ပြီးသည့်နောက် သူတို့အားလုံးသူ့ရှေ့တွင် တိတ်တဆိတ်ရပ်နေခဲ့ကြသည်။ သူတို့၏သဘောထားများနှင့် အမူအရာများမှာ သူတို့ငယ်ရွယ်စဉ်ကနှင့် အတူတူပင်ဖြစ်သည်။

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Where stories live. Discover now