Chapter 159: ညီအစ်ကိုများ
A3 သည်စကားပြောခဲ့သည်။ သူ၏အသံမှာ တစ်စုံတစ်ယောက်အား သတ်ပစ်ရန် အေးစက်မှုမျိုးမရှိခဲ့ပေ။ ထိုအစား မျှော်လင့်ချက်နှင့်စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နေခဲ့သည်။ "တကယ်တော့ နင်လည်းဘာမှမမှားပါဘူး။ ငါလည်းနင့်ကိုမသတ်နိုင်ဘူး..."
ယွီဝမ်၏မျက်လုံးများမှာ မျှော်လင့်ချက်တို့ဖြင့် ပြည့်သွားခဲ့သည်။ A3သည် သူမအားလွှတ်ပေးရန် ဤကဲ့သို့ပြောနေခြင်းဖြစ်သည်ဟု သူမထင်ခဲ့သော်လည်း စက္ကန့်ပိုင်းအတွင်း သူမ၏မျက်နှာပေါ်မှမျှော်လင့်ချက်မှာ ရပ်တန့်သွားခဲ့သည်။ သေနတ်ပစ်ခတ်ခြင်းပြီးနောက် သွေးထွက်နေသောအပေါက်မှာ ယွီဝမ်၏နဖူးအလယ်တည့်တည့်တွင် ပေါ်လာခဲ့သည်။
A3သည် သေနတ်ပြောင်းဝအား ဖယ်ရှားလိုက်ကာ ပျော်ရွှင်စွာပြောလိုက်သည်။ "နင်ဘာမှမှားတာမလုပ်ရင်တောင် ငါ့ရဲ့ချစ်တပည့်က နင့်ကိုအရမ်းမုန်းနေတာ။ အရည်အသွေးပြည့်မီတဲ့ဆရာမတစ်ယောက်အနေနဲ့ ငါ့ကျောင်းသားကို ငါ့ရဲ့ပထမဆုံးလက်ဆောင်အဖြစ် နင့်ရဲ့ခေါင်းကိုပေးရမယ်"
သူသည်ကြည်နူးဖွယ်တစ်စုံတစ်ခုအား တွေးမိခဲ့သည့်အလား A3သည် ပျော်ရွှင်စွာခုန်ပေါက်ကာ လမ်းပတ်လျှောက်နေခဲ့သည်။ သူသည် သူ၏ပစ္စတိုသေနတ်အား ပွင့်နေသောသိုလှောင်ရုံတံခါးပေါက်သို့ ချိန်လိုက်ကာ သူ၏အမူအရာမှာချက်ချင်းအေးစက်သွားခဲ့သည်။ "ခိုးကြောင်ခိုးဝှက်နဲ့ ကြွက်စုတ်လိုကောင်၊ မင်းဖော်ထုတ်မိသွားပြီပဲ။ အခုထွက်မလာဘူးလား"
ထိုကဲ့သို့သူပြောပြီးမကြာခင်တွင် ခြေသံများအား တံခါးအပြင်ဘက်မှ ကြားနိုင်သည်။ ပေါက်ကွဲမှုကာကွယ်သည့်ဝတ်စုံနှင့်ရဲတပ်ဖွဲ့နှင့် ဒိုင်းကာများမှာရှေ့တွင်ကာရန် ပြေးထွက်လာခဲ့ကြသည်။ ဖောက်ထွင်းမြင်ရသော ပေါက်ကွဲမှုကာကွယ်သည့်ကျည်ကာမှတစ်ဆင့် A3သည် ရဲများဝန်းရံခြင်းခံထားရသော လူကိုမြင်နိုင်ခဲ့သည်။
ထိုလူမှာအရပ်ရှည်ကာ ထူးခြားသည့်အမူအရာရှိနေခဲ့သည်။ သူ၏ဆံပင်မှာအနည်းငယ်ရှုပ်ပွနေပြီး သူ၏နဖူးပေါ်ကျနေသောကြောင့် အနည်းငယ်ဖရိုဖရဲဖြစ်နေခဲ့သည်။
VOCÊ ESTÁ LENDO
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Romanceဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...