Part 73

1.8K 154 0
                                    

73 01

Chapter 73: ခေါင်းမာသော်လည်းစိတ်‌သဘောထားနူးညံ့သူ

ယွီယောင်၏တုံ့ပြန်မှုမှာ အမြန်ဆုံးနှင့် သူမ၏မှတ်ချက်များမှာ အပြတ်သားဆုံးဖြစ်သည်။ "ယွီ‌ဝမ်က တကယ့်ကို ခြယ်လှယ်တတ်တဲ့သူပဲ။ အစ်ကိုတို့ရဲ့ချစ်လှစွာသော ညီမလေးက အဖြူရောင်ကိုဆေးဆိုးတဲ့နေရာမှာ တော်တယ်နော်"

ယွီကျွယ်သည် သရော်ဟန်ဖြင့် ရယ်မောလိုက်သည်။ "ယောင်ယောင်၊ နင်အရမ်းရွဲ့တတ်မှန်း ငါအရင်ကမသိခဲ့ဘူး"

ယွီ‌ယောင်သည် မျက်စောင်းထိုးလိုက်သည်။ "ယွီဝမ်ရဲ့အဆင့်ထိ ညီမကိုတွန်းမပို့ပါနဲ့။ ရွဲ့နေတာမဟုတ်ဘူး"

ယွီကျွယ်သည် အလျင်အမြန်တောင်းပန်လိုက်သည်။ "အစ်ကိုငယ်မှားသွားပါတယ်။ ယောင်ယောင်က အမြဲတမ်း တဲ့တိုးပဲပြောပြီး ရိုးသားတဲ့သူပါ။ သူကယွီဝမ်လိုဟန်ဆောင်တတ်တဲ့သူမဟုတ်ဘူး"

"အင်း ဒါကပိုကောင်းတယ်" ယွီယောင်သည် စိတ်ကျေနပ်မှုကြောင့် ခေါင်းငြိမ့်လိုက်ကာ ယွီကျွယ်အား ခွင့်လွှတ်ခဲ့သည်။ ထို့နောက်သူမသည် ယွီဟန်နှင့်ယွီလန်အား လှည့်ကြည့်ခဲ့သည်။ "အစ်ကိုတို့ရော ဘယ်လိုထင်လဲ"

ယွီဟန်သည် ယွီလန်ပို့လိုက်သော တိုက်ရိုက်ထုတ်လွှင့်မှု၏မှတ်တမ်းတင်ထားမှုကို ကြည့်ပြီးခဲ့ပြီးဖြစ်သည်။ သူသည် ထူးခြားစွာပြောခဲ့သည်။ "ယွီဝမ်က မြင်ကွင်းတစ်ခုဖန်တီးပြီး အင်တာနက်သုံးစွဲသူတွေရဲ့ သနားညှာတာမှုကို အောင်အောင်မြင်မြင်ရသွားခဲ့တယ်။ သူလည်း ငါတို့မိသားစုကလူတိုင်းကို အင်တာနက်သုံးစွဲသူတွေမကောင်းမြင်အောင်လုပ်ခဲ့တယ်။ ဒါပေမယ့် ယွီမိသားစုရဲ့ပုံရိပ်ကို ချောက်တွန်းရုံနဲ့ ယွီဝမ်ကဘယ်လိုအကျိုးအမြတ်မျိုးရမလဲ ငါနားမလည်ဘူး။ သူဒီကနေ ဘာအကျိုးအမြတ်များ ရနိုင်လဲ"

ယွီလန်သည် ခေါင်းငြိမ့်ပြလိုက်သည်။ "ငါထူးဆန်းတယ်ထင်နေတာလည်း ဒါပဲ။ လူထုဆက်ဆံရေးစောင့်ကြည့်မှုဌာနက ငါ့ကိုပြောတာကတော့ ယွီဝမ်သူ့ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုစပြီးတဲ့နောက် အင်တာနက်ပေါ်မှာ လူထုအမြင်ကိုထောက်ခံနေတဲ့ တွန်းအားတစ်ခုရှိနေတာကြောင့် ယွီမိသားစုဆီအကျိုးအမြတ်မရတဲ့ ဦးတည်ချက်ဆီချက်ချင်းတိုးတက်သွားတာ။ အခုငါသေချာတာတစ်ခုကတော့ ယွီဝမ်ကယွီမိသားစုရဲ့ပုံရိပ်ကို ဖျက်ဆီးဖို့ကြိုးစားရုံသာမက ပိုပြီးအရေးကြီးတာက သူတစ်ခုခုလိုချင်နေတာပဲ"

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Место, где живут истории. Откройте их для себя