Unicode
Chapter 12: အစ်ကိုကြီး သူ့ကိုထိန်းချုပ်ပါ
ယွီလန်၏ စာကြည့်ခန်းသည် ဒုတိယထပ်တွင်ရှိနေခဲ့သည်။ အထဲမှ စာရွက်စာတမ်းအချို့အား လျှို့ဝှက်ထားရပြီး အများအားဖြင့် သော့ခတ်ထားသည်။ သို့သော် ယွီမိသားစုဝင်မှ ယောင်္ကျားလေးအချို့သည် လျှို့ဝှက်နံပါတ်အား သိကြသည်။
ယွီဝမ်ပင်လျှင် ဤစာကြည့်ခန်းထဲသို့ ဝင်ခွင့်မရှိသော်လည်း ယွီကျွယ်သည် ယွီယောင်အား အပြင်ဘက်တွင် မစောင့်ခိုင်းပဲ အထဲသို့ တိုက်ရိုက်ခေါ်သွားသည်။
ယွီကျွယ်သည် ယွီယောင်အား ဆိုဖာပေါ်တွင်ထိုင်ခိုင်းလိုက်သည်။ “ယောင်ယောင်၊ ခဏစောင့်နော်။ ငါနင့်ကို စာရွက်စာတမ်းတွေရှာပေးမယ်”
ယွီယောင်သည် မထိုင်ပါ။ ထိုအစား သူမသည် မတ်တပ်ရပ်နေခဲ့ကာ စာအုပ်စင်သို့လျှောက်သွားပြီး ငွေစာရင်းစာအုပ်အားကောက်ကိုင်ကာ လှန်ကြည့်ခဲ့သည်။
ထိုနေ့ မွန်းလွဲပိုင်းတွင် ယွီလန်သည် စိတ်ကျန်းမာရေးဆေးရုံနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာကို ရရှိခဲ့သည်။ အစီရင်ခံစာတွင်ပါရှိသော ဖော်ပြချက်များနှင့် ဓာတ်ပုံများမှာ တုန်လှုပ်စရာကောင်းလှသည်။ ထိုဒါရိုက်တာသည် ယွီလန်အား အလွန်စပ်ဆုပ်ရွံရှာသွားစေသည်။
သူအိမ်သို့ပြန်ရောက်သောအခါ အန်တီကျန်းသည် သူ့အတွက်အလောတကြီးရေထည့်ပေးကာ သူမသည်စကားပြောရင်းနှင့် သူ၏ဖိနပ်များအား လှမ်းယူလိုက်သည်။
အရင်ကမူ သူသည် အန်တီကျန်း၏ ငြီးတွားပြောဆိုမှုကို စိတ်ထဲမထည့်ပေ။ သူသည် ဤအရာအားဖြင့် အိမ်အား နွေးထွေးမှုပေးစေခဲ့သည်။
သို့သော် ယနေ့တွင် သူသည် အန်တီကျန်းစောဒကတက်ကာ ပြောဆိုနေသည်ကို ကြားသောအခါ “ယွီယောင်လည်း ပြန်လာရော သူကစိတ်လွတ်ပြီး မမလေးကိုရိုက်လိုက်တယ်။ အခုခေတ် စိတ်ကျန်းမာရေးဆေးရုံက တာဝန်မဲ့လွန်းတယ်။ လူနာတွေကို မကုသပေးခင် ပြန်လွှတ်ပေးလိုက်ကြတာ...”
ယွီလန်သည် ချက်ချင်းလှမ်းရိုက်လိုက်သည်။ သူသည် သူ၏ ကုတ်အင်္ကျီအား ကူ၍မချွတ်ပေးတော့ရန် အန်တီကျန်းအား လက်ယမ်းပြလိုက်သည်။ သူသည် ဆယ်နှစ်ကြာ သူ့အား စောင့်ရှောက်ပေးနေခဲ့သော အိမ်အကူအား ကြည့်လိုက်သည်။
ESTÁS LEYENDO
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Romanceဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...