Chapter 148: ဖုံးကွယ်ထားသော ဇာတ်ကြောင်း
ယွီမိသားစု၏ပညာရေးမှာ အလွန်ပြောင်မြောက်လှသည်။ ယွီဟုန်၏သားသုံးယောက်မှာ သူတို့ကြိုက်နှစ်သက်သည့်နယ်ပယ်တွင် အားလုံးအောင်မြင်ခဲ့သည်။ ဆယ်စုနှစ်ကျော်ကြာ ပျောက်ဆုံးနေခဲ့သော သမီးဖြစ်သူယွီယောင်မှာလည်း ကြင်နာတတ်၍ဖြောင့်မတ်ကာ ယွီဟုန်အား ဂုဏ်ယူစေခဲ့သည်။
သို့သော် ယွီဟုန်သည် ငယ်စဉ်ကတည်းက လမ်းလွဲနေသောဘဝတွင်ရှိနေခဲ့သော ယွီယောင်မှာ အဘယ်ကြောင့် ယွီမိသားစုကဲ့သို့ ထက်မြက်လွန်းကာဖြောင့်မတ်လွန်းသည်ကို နားမလည်နိုင်ခဲ့ပေ။ သို့သော် ယွီမိသားစုတွင်ကြီးပြင်းလာခဲ့သော ယွီဝမ်မှာ စက်ဆုပ်ဖွယ်ကောင်းကာ ရက်စက်တတ်ပြီး အတင့်ရဲသော အပြစ်သားတစ်ယောက် ဖြစ်လာခဲ့သည်။
ဤကဲ့သို့အံ့ဩမှုမျိုးမှာ ယွီဟုန်အား အချိန်အတော်ကြာ စိတ်ဒုက္ခမရောက်စေခဲ့ပါ။ သူသည် ဒီအန်အေစစ်ဆေးချက်ရလဒ်များ ရသည်နှင့်တစ်ပြိုင်နက် သူမအားမည်ကဲ့သို့ ဖြေရှင်းရမည်ဟူသည့် အကြံဉာဏ်ရရှိပြီးဖြစ်သည်။
ချန်းလင်သည် ဆေးသောက်ပြီးနောက် အိပ်မောကျသွားသောအခါ ယွီဟုန်သည် ကလေးလေးယောက်အား စုဝေးကာ သူ၏အတွေးများကို ပြောပြခဲ့သည်။
ယွီယောင်သည် ဒီအန်အေစစ်ဆေးမှုရလဒ်အား ကြည့်ပြီးနောက် ပျင်းဖို့ကောင်းသည့်အသံနှင့်ပြောလိုက်သည်။ "ယွီဝမ်က ဖေဖေ့ကလေးမဟုတ်နိုင်ကြောင်း သမီးပြောပြီးသားပဲ။ ဘာလို့ဒါကိုထပ်လုပ်နေရတာလဲ"
ယွီဟန်သည် အသေးစိတ်အချက်အလက်အား အသိဆုံးဖြစ်သည်။ သူသည်ယွီဟုန်အစား ရှင်းပြခဲ့ကာ ယွီယောင်၏လက်ထဲသို့ ယခင်ကဒီအန်အေစစ်ဆေးမှု အစီရင်ခံစာအား တင်ပေးလိုက်သည်။ "ယွီဝမ်အသက်ဆယ့်နှစ်နှစ်တုန်းက သူ့အမေအရင်းကသူ့ကိုရှာတွေ့ပြီး ဒီအန်အေစစ်ဆေးမှုလုပ်ဖို့ အဖေ့ဆီကနေ တစ်ခုခုကိုတိတ်တဆိတ်ယူဖို့ လူရှာခဲ့တယ်။ ဒီအစီရင်ခံစာက ယွီဝမ်ကအဖေ့ရဲ့သမီးအရင်းလို့ ပြနေတယ်"
ယွီယောင်သည် ယွီဟုန်အား အံ့ဩတကြီးကြည့်လိုက်သည်။ "အဖေကဖောက်ပြန်တယ်လို့ သံသယရှိဖို့ အစ်ကိုကြီးနဲ့အစ်ကိုလတ်အတွက် မဖြစ်နိုင်ဘူးလို့ ငါထင်ခဲ့တာ။ ဒါဆို သူတို့မှာသက်သေရှိတာလား"

KAMU SEDANG MEMBACA
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Romansaဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...