Part 140

1.1K 63 1
                                    

140 01

Chapter 140: ဒူးထောက်၍တောင်းပန်ခြင်း

"သမီးလေး မေမေနဲ့အိပ်မှာလား" ချန်းလင်၏မျက်လုံးများမှာ သူမ၏သမီးအား မျှော်လင့်တကြီးကြည့်နေသောကြောင့် တောက်ပနေခဲ့သည်။

ယွီယောင်၏စိတ်ထဲ၌ ရုတ်တရက်ပေါ်လာသော မှတ်ဉာဏ်မှာ ရပ်တန့်သွားခဲ့သည်။ သူမသည် မူလယွီယောင် မဟုတ်ခဲ့ပေ။ ယုတ္တိကျကျပြောရလျှင် သူမသည် ချန်းလင်နှင့် မရင်းနှီးသည့်စိတ်မျိုး ပြည့်နေသင့်သည်။ သို့သော် ဤအခိုက်အတန့်တွင် ယွီယောင်သည် ထူးဆန်းစွာနှင့်သဘောတူခဲ့သည်။

သူမပြောလိုက်သည်။ "ဟုတ်။ အတူတူအိပ်ကြမယ်လေ မေမေ"

ချန်းလင်မှာ ချက်ချင်းပျော်သွားခဲ့သည်။ သူမသည် သာမန်လူများကဲ့သို့ သူမ၏စိတ်ခံစားချက်များအား ဖုံးကွယ်ရာတွင် နေသားမကျခဲ့ပေ။ ထို့ကြောင့် သူမ၏ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုမှာ သိသာလွန်းသည်။

ယွီယောင်သည် ချန်းလင်အား အပေါ်ထပ်သို့ဆွဲခေါ်သွားကာ ယွီဝမ်နှင့်တွေ့ဆုံခြင်းအား ရှောင်ရှားခဲ့သည်။ ယွီယောင်သည် ယွီဝမ်အားရင်ဆိုင်ရမည်ကို မကြောက်‌သော်လည်း သူမသည်ယွီဝမ်အား ချန်းလင်ကို စိတ်မလှုပ်ရှားစေချင်ခဲ့ပေ။

အမေနှင့်သမီးမှာ အပေါ်ထပ်သို့တက်သွားသည်ကို မြင်သောအခါ ယွီဟုန်မှာ အန်တီဟယ်အားပြောလိုက်သည်။ "တံခါးဖွင့်ပြီး သူ့ကိုဝင်ခွင့်ပေးလိုက်"

ယွီဝမ်သည် တံခါးအပြင်ဘက်တွင် မိနစ်အနည်းငယ်ကြာသာ စောင့်ဆိုင်းခဲ့ရသော်လည်း ဤမိနစ်အနည်းငယ်မှာ သူမစိတ်အတွက် နှိပ်စက်မှာတစ်ခုဖြစ်နေခဲ့သည်။ သူမသည် ယွီဟုန်နှင့်ချန်းလင်တို့အား ယွီမိသားစုထဲ၌ သူမအားနေခွင့်ပြုရန်အတွက် ဖျောင်းဖျရန် ဘာပြောရမည်ကို ဆက်တိုက်စဉ်းစားနေခဲ့သည်။

နောက်ဆုံးတွင် သူမ‌အရှေ့မှ တံခါးမှာ ထပ်မံပွင့်လာခဲ့သည်။ ယွီဝမ်သည် အသက်ပြင်းပြင်းရှူထုတ်ကာ သူမအနှစ်နှစ်ဆယ်နီးပါးနေခဲ့သော်လည်း ယခုသူမအားငြင်းဆန်နေခဲ့သော ဤအိမ်ထဲသို့ ခြေလှမ်းခဲ့သည်။

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Hikayelerin yaşadığı yer. Şimdi keşfedin