59 01
Chapter 59: အစ်ကိုကြီး၏ သတိပေးမှု
ယွီကျွယ်၏စကားများသည် သူမ၏နားထဲသို့ တိုးဝင်လာသည်။
"ယောင်ယောင်၊ မိန်းကလေးတွေက အပြင်မှာ သူတို့ကိုယ်သူတို့ ကိုယ်တိုင် စောင့်ရှောက်ရမှာလေ။ နင်ရုပ်ချောတဲ့ကောင်တွေကြောင့် သတိလက်လွတ်မဖြစ်ရဘူး..."
"ယောင်ယောင် ကြောင်ကို ငါ အောက်ခေါ်လာပေးရမလား။ နင်အပေါ်တက်ပြီး သူ့ကို တွေ့စရာမလိုတော့ဘူးလေ..."
"ဟုတ်ပါပြီ။ ဟုတ်ပါပြီ။ အသက်အရမ်းကြီးနေတာလည်း မဟုတ်ပဲ ဘာလို့ အရမ်းပွစိပွစိပြောနေတာလဲ" ယွီယောင်သည် စိတ်မရှည်စွာနှင့် ပြောလိုက်သည်။ "ညီမက အရွယ်ရောက်နေပြီ။ အကောင်းနဲ့အဆိုးကိုလည်း ညီမဘာသာ ခွဲခြားနိုင်ပါတယ်။ နောက်ပြီး ရှောင်းလျန်က ညီမကို တစ်ခါမှ နာကျင်အောင် မလုပ်ဖူးဘူး။ အခုလောလောဆယ် ညီမတို့က သူငယ်ချင်းတွေပါပဲ။ ဘာလို့ အရမ်းကြောက်နေတာလဲ"
ထိုစကားဖြင့် ယွီယောင်သည် လှည့်ထွက်ကာ ယွီကျွယ်သည် သူမ၏အကြောင်းပြချက်အား လက်ခံသည် လက်မခံသည်ကို ဂရုမစိုက်တော့ဘဲ ဓာတ်လှေကားဆီသို့သာ ဆက်လျှောက်သွားခဲ့သည်။
ယွီကျွယ်သည် မယုံကြည်မှုနှင့် ဝမ်းနည်းမှုဖြင့် သူ၏ရင်ဘတ်ကို ဆုပ်ကိုင်ထားခဲ့သည်။ သူသည် ယွီယောင်၏ထွက်ခွာသွားသော နောက်ကျောအား ကြည့်ပြီးနောက် သူ၏မျက်နှာကိုတိုက်ရိုက်ပြနေသော ကင်မရာမှန်ဘီလူးအား ကြည့်ခဲ့သည်။
"ခုနက ယောင်ယောင် ဘာကိုဆိုလိုတာလဲ။ အခုလောလောဆယ်တော့ သူနဲ့သူငယ်ချင်းပဲ ရှိသေးတာလား။ ဆိုလိုတာက နောက်ကျရင် သူတို့ဆက်ဆံရေးကို ဖြတ်ပစ်မယ် ဒါမှမဟုတ် ပိုပြီးရင်းနှီးလာမှာလား"
ကင်မရာသမားသည် တီးတိုးပြောလိုက်သည်။ "ကျွန်တော့်အထင် မမလေးယွီယောင်က အနောက်ကတစ်ခုကို ရည်ရွယ်တာထင်တယ်"
ယွီကျွယ်သည် အသက်မရှူနိုင်ပဲ မေ့လဲတော့မည့်အလား သူ၏ရင်ဘတ်အား ဆုပ်ကိုင်မိခဲ့သည်။
ဓာတ်လှေကား ရောက်လာသည်။ ယွီယောင်သည် နောက်သို့လှည့်၍ ယွီကျွယ်အား အလွန်စိတ်ရှုပ်စွာ ကြည့်လိုက်သည်။ "အပေါ်ကို လိုက်တက်မှာလား မတက်ဘူးလား"

STAI LEGGENDO
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Storie d'amoreဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...