Part 131

909 67 0
                                    

Chapter 131: မတွေ့တာကြာပြီနော်

ဘာ မစ္စတာရှောင်းလဲ။ ယွီယောင်၏စိတ်ထဲ၌ မကောင်းသည့် ခံစားချက် ပြည့်လာခဲ့သည်။ သူမအရှေ့တွင် ရပ်နေ‌သောယွီလန်နှင့်အတူ သူမ၏ဆန့်ကျင်ဘက်၌ ရှိနေသောသူမှာ သူမတွေးနေသောသူ ဖြစ်နေမည်လား ကြည့်ရန် ခြေဖျားထောက်ခဲ့သည်...

သို့သော် ယွီဟန်မှာ သူမ၏ခေါင်းအား အမြန်ဖိချလိုက်ကာ ယွီလန်၏အနောက်ဘက်သို့ ပြန်တွန်းလိုက်သည်။

ထို့နောက် ယွီဟန်သည် ယဉ်ကျေးသော်လည်း စိတ်မပါသောလေသံနှင့် ပြောလိုက်သည်။ "မစ္စတာရှောင်း။ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ။ ယောင်ယောင်က ကျွန်တော်နဲ့အစ်ကိုကြီးတို့ကို ပြန်ခံပြောနေတာပါ။ သူစိတ်တိုတုန်းပြောတဲ့စကားတွေကို စိတ်ထဲမထားပါနဲ့"

ယွီယောင်သည် ရင်းနှီးသောရယ်သံတစ်ခုကို ကြားခဲ့သည်။ သူမသည် ထိုလူ၏မျက်နှာပေါ်မှ စနောက်ချင်နေသောအပြုံးအား စိတ်ကူးယဉ်မိမလိုပင်ဖြစ်သည်။

သူသည် အပြုံးနှင့်ပြော‌လိုက်သော ထိုလူအား ကြားခဲ့သည်။ "နှစ်ယောက်လုံး အတွေးလွန်နေပါပြီ။ ယောင်ယောင်ဒီလိုပြောတော့ ကျွန်တာ်‌အပျော်လွန်နေမိပြီ"

ယွီယောင်၏မျက်နှာသည် ချက်ချင်းနီရဲသွားခဲ့သည်။ သူမသည် သူ့အစ်ကို၏ကာဆီးထားမှုအား နောက်ထပ်ထိုးဖောက်ရန် မကြိုးစားတော့ပေ။ ထိုအစား သူမ၏တည်ရှိမှုအား လျှော့ချရန် အစွမ်းကုန်ကြိုးစားကာ ပို၍ပင် နစ်ဝင်သွားခဲ့သည်။

သို့သော် ယွီယောင်သည် သူမထာဝရမတည်ရှိတော့ဟူ၍ ဟန်မဆောင်နိုင်တော့ပေ။ တကယ်တမ်းတွင် ယွီမောင်နှမတို့၏အရှေ့၌ ရှောင်းလျန်အပြင် သူတို့၏မိဘများလည်း ရှိနေခဲ့သည်။

ယွီယောင်သည် သူမ၏အဖေအရင်းဖြစ်သူ ယွီဟုန်၏အသံကို ကြားခဲ့သည်။ "ယွီလန်၊ ယွီဟန်၊ မစ္စတာရှောင်းအရှေ့မှာ မရိုင်းနဲ့။ မင်းတို့ရဲ့ညီမငယ်ကို ဖွက်ထားတာတော်လိုက်‌တော့။ မင်းတို့ရဲ့ညီမငယ်က အခုထိငယ်သေးတယ်။ သရုပ်ဆောင်တွေနဲ့ အနုပညာရှင်တွေကို သူကြိုက်တာက သာမန်ပါပဲ။ ရှက်စရာမှမဟုတ်တာ။ မစ္စတာရှောင်းရဲ့အရှေ့မှာ ဖုံးကွယ်ထားစရာမလိုပါဘူး"

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Tempat cerita menjadi hidup. Temukan sekarang