Part 46

2.3K 242 0
                                    

Unicode

Chapter 46: သတင်းစာရှင်းလင်းပွဲ၏နောက်ဆုံးပိုင်း

သူမသည် အခြေအနေအား လုံးဝမထိန်းချုပ်နိုင်ပေ။ ယွီဝမ်သည် သတင်းထောက်များမှ မိုက်ခရိုဖုန်းအားလှမ်းပေးခြင်းဖြင့် ဝန်းရံခံနေရသော ဖန်သားပြင်ပေါ်မှ ယွီယောင်အား ကွန်ပြူတာရှေ့၌ ထိုင်ကာမှင်တက်စွာ ကြည့်နေခဲ့သည်။

အဘယ်ကြောင့်ဤကဲ့သို့ဖြစ်ရသနည်း။ မျက်နှာလဲလှယ်ခြင်းသည် ထိုအဖွဲ့အစည်းမှအထူးပြုထားသော နောက်ဆုံးပေါ် နည်းပညာမဟုတ်ပါလား။ အဘယ်ကြောင့်ယွီယောင်သည်လူထုအား ဤနည်းပညာအား အလွယ်တကူပွင့်လင်းစွာ ပြသနိုင်သနည်း။

ဤအချိန်၌ ဤသည်မှာ ရသစုံရှိုးအတွက် သတင်းစာရှင်းလင်းပွဲဖြစ်သည်ကို အားလုံးနီးပါး မေ့သွားခဲ့ကြသည်။ အင်တာနက်သုံးစွဲသူများသည် ဤနည်းပညာ၏မှော်ဆန်မှုအား အားလုံး အံ့အားသင့်သွားကြကာ ပွဲ၌ရှိနေသည့် သတင်းထောက်များမှာ ခေါင်းစီးများအတွက် အချက်အလက်များကို အသေအချာ ဆုပ်ကိုင်ထားခဲ့ကြသည်။

“မမလေးယွီယောင်၊ ဒီနည်းပညာကို အသေးစိတ်ရှင်းပြပေးနိုင်မလား”

“ယွီကျွယ်၊ မျက်နှာလဲလှယ်တဲ့appက ယွီသုတေသနအသင်းက ဖန်တီးထားတာလား။ ဒါဆို ယွီအဖွဲ့အစည်းက တိုးတက်လာတဲ့နည်းပညာလုပ်ငန်းထဲဝင်ဖို့ အစီအစဉ်ရှိတယ်လို့ ဆိုလိုတာလား”

“ဒီappက ဘယ်အချိန်လောက် ဈေးကွက်ပေါ်ရနိုင်မလဲ”

“ဟယ်လို ကျွန်တော်မေးလို့ရမလား...”

သတင်းစာရှင်းလင်းပွဲနေရာမှာ ကသောင်းကနင်း ဖြစ်နေခဲ့ပြီး ဖြစ်သည်။ သတင်းထောက်များသည် ကမ္ဘာပေါ်၌ မည်သည်ကိုမျှ ဂရုမစိုက်ပဲ အရှေ့သို့တိုးကာ ယွီယောင် သို့မဟုတ် ယွီကျွယ်ဆီမှ တိုက်ရိုက်စကားရရှိရန် ပထမဆုံးသောသူ ဖြစ်ချင်နေခဲ့ကြသည်။

ဆဲဆိုကြိမ်းမောင်း၍ အကျပ်ကိုင်ခံရသည့်တိုင် တည်ငြိမ်နေခဲ့သော ယွီယောင်မှာ ယခုထိတ်လန့်ကာ ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့သည်။

အဘယ်ကြောင့် ဤလူများအားလုံးသည် အရမ်းစိတ်လှုပ်ရှား နေကြသနည်း။ မျက်နှာလဲလှယ်ခြင်းမှာ အလွန်ရိုးရှင်း၍ သာမန်နည်းပညာတစ်ခုသာ ဖြစ်သည်။ လက်တွေ့ကမ္ဘာ၌ မျက်နှာလဲလှယ်သည့် ဆော့ဖ်ဝဲအမျိုးအစား အားလုံးအား လူထုက အသုံးပြုခဲ့ကြသည်။ ဤကဲ့သို့ နည်းပညာမျိုး ဝတ္ထုကမ္ဘာထဲ မပေါ်လာခဲ့လျှင်ပင် ဤကဲ့သို့ အလွန်ထိတ်လန့်စရာ မလိုဘူး မဟုတ်ပါလား။

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Where stories live. Discover now