66 01
Chapter 66: တိုက်ဆိုင်မှု ပြဿနာ
တွဲဖက်ဒါရိုက်တာမှာထိုမြင်ကွင်းအား တွေးမိသောအခါ ရယ်မိသွားလိုက်သည်။ "ဘာကို ဆိုလိုလဲကျွန်တော်နားလည်ပါတယ် ဒါရိုက်တာကြီး။ ဧည့်သည် တွေကဟာကွက်တွေဘယ်လောက်ပဲသိသိ ထုတ်လုပ်ရေးအဖွဲ့ကစည်းမျဉ်းတွေကို ရှင်းပြဖို့ နောက်ဆုံးအခွင့်အရေးရှိတယ်။ သူတို့လွန်သွားတာနဲ့ကျွန်တော်တို့ကနောက်ဆုံးမိနစ်မှာတောင်စည်းမျဉ်းတွေကို ပြောင်းနိုင်တယ်"
ဒါရိုက်တာသည် ခေါင်းညိတ်ပြလိုက်သည်။ "မင်းမှာအလားရှိတဲ့အရည်အချင်းရှိတာပဲ"
အစီအစဉ်ရေးဆွဲသည့်အဖွဲ့၏ကျေနပ်နေမှုအောက်၌ယွီကျွယ်နှင့် ယွီယောင်တို့သည် ပွင့်ပွင့်လင်းလင်းလိမ်လည်ခဲ့ကြသည်။ နောက်တစ်နေ့တွင် သူတို့သည် ပိုက်ဆံပမာဏအနည်းငယ်လက်ခံရရှိကာ လျှပ်စစ်စကူတာအား ထပ်မံစီးနင်း၍ ဘာမှမသိသော ကင်မရာသမားအား ပန်းခြံသို့ခေါ်သွားလိုက်သည်။
ယွီကျွယ်သည် ကင်မရာအား ရှက်ရှက်နှင့် ပြုံးပြလိုက်သည်။ "ဒါကဒီနေ့ကျွန်တော်တို့ရဲ့ဦးတည်ရာပါ။ ကျွန်တော့်ရဲ့ဆန္ဒကို ဖြည့်ဆည်းဖို့ ကျွန်တော်တို့ပန်းခြံမှာလျှောက်လည်ကြပါမယ်"
ကင်မရာသမားမှာ မနေနိုင်ပဲစောဒကတက်လိုက်သည်။ "ဒါက Disney နဲ့အရမ်းကွာမနေဘူးလား"
"မဟုတ်ပါဘူး။ အဲ့လိုပြောရင် ခင်ဗျားကတီထွင်ဖန်တီးနိုင်စွမ်းမရှိတာပဲ" ယွီကျွယ်သူ၏လက်ညှိုးအား ထုတ်ကာ ကင်မရာရှေ့၌လှုပ်ပြလိုက်သည်။ "Disney ကအပန်းဖြေနေရာဖြစ်ပြီး ပန်းခြံကလည်းအပန်းဖြေနေရာတစ်ခုပဲလေ။ နေရာတိုင်းအတူတူပါပဲ။ အဲ့ဒါဆိုမလုံလောက်ဘူးလား"
ယွီယောင်သည် ထပ်ပြောလိုက်သည်။ "နောက်ပြီး ကျွန်မအစ်ကိုငယ်ရဲ့တကယ့်ဆန္ဒက ကျွန်မနဲ့လျှောက်လည်ဖို့ပဲလေ။ ကျွန်မတို့သွားတဲ့နေရာကတော့ ဒုတိယပေါ့။ Disney နဲ့ယှဉ်ရင်ကျွန်မတို့အခုပန်းခြံကို ပိုကြိုက်ပါတယ်"
ကင်မရာသမားမှာသူတို့တွင်ပိုက်ဆံအလုံအလောက်မရှိသောကြောင့် Disneyland သို့မသွားကြသည် ကို သိနေသည်။ ယခုအကြောင်းပြချက်များမှာဆင်ခြေများသာဖြစ်သည်။ သို့သော်ကင်မရာသမားသည် ထိုအရာများအား မထုတ်ဖော်ခဲ့ပါ။ ထိုအစားသူသည် သူ၏ရယ်ချင်စိတ်ကို ထိန်းကာ သူတို့၏ခေါင်းမာသည့်အမူအရာများအား မှတ်တမ်းတင်လိုက်သည်။

ESTÁS LEYENDO
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Romanceဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...