120 01
Chapter 120: "တောင်တန်းဘုရင်"
ယွီယောင်သည် အခြားသူများ၏ ကံကြမ္မာအား ပခုံးထမ်းထား၍ မရနိုင်မှန်း သူမသိနေခဲ့သည်။ သူမသည် ထိုဆန်းကြယ်သော ပြစ်မှုအဖွဲ့အစည်းနှင့် တိုက်ခိုက်နေသောအခါ ထိခိုက်မှုများဖြစ်ရန်အတွက် ပုံမှန်သာဖြစ်သော်လည်း သူမသည် အကြောင်းအရင်းမရှိဘဲ မည်သူ့ကိုမျှ အသက်မပေးစေလိုပေ။
အပြစ်သားများအား ဖမ်းဆီးရန် သက်သေများစုဆောင်းကာ သူတို့၏အချိန်များပေးခဲ့ရသော ရဲများ သို့မဟုတ် သူမပင်ဖြစ်ဖြစ် သူတို့သည် အသက်ပေးရမည်ဆိုလျှင်တောင် အပြစ်သားများအား ရင်ဆိုင်ရသည့်ဖြစ်စဉ်တွင်သာ သေကာ ဘာမျှမဟုတ်သော "ကစားပွဲ"ကြောင့် သူတို့၏အသက်များအား မဆုံးရှုံးစေရပါ။
သူမ၏အရင်ဘဝမှ အင်တာနက် ပတ်ဝန်းကျင်နှင့် နှိုင်းယှဉ်ကြည့်ပါက ကောင်းစွာမတိုးတက်သေးသော ဤကမ္ဘာသည် ယွီယောင်အတွက် အခြေအနေများ ဖန်တီးခဲ့သည်။ သူမသည် ယခင်ဘဝကကျင့်သုံးခဲ့သော ပရော်ဖက်ရှင်နယ်ကျင့်ဝတ်များအား အနည်းငယ်လျှော့ချလိုက်ကာ အင်တာနက်ဒေတာများစွာအား စတင်စစ်ဆေးခြင်းနှင့် စောင့်ကြည့်ခြင်းများပြုလုပ်ရန် နည်းပညာဆိုင်ရာ နည်းလမ်းများကို အသုံးပြုခဲ့သည်။
မူလကမူ သာမန်ပြည်သူတစ်ယောက်အနေနှင့် ယွီယောင်သည် အခြားသူများ၏စကားများကို အလွန်အကျွံ စောင့်ကြည့်မနေသင့်ပါ။ သို့သော် ထိုသို့ ဗုံးခွဲအကြမ်းဖက်တိုက်ခိုက်မှုမျိုး ထပ်ဖြစ်ခြင်းမှ ကာကွယ်ရန် ယွီယောင်သည် သူ၏စိတ်ထဲမှ ကန့်သတ်ချက်ကို လျှော့ချခဲ့သည်။
သူမသည် အခြားသူများနှင့် မဆွေးနွေးခဲ့သော်လည်း ပြီးပြည့်စုံသောဒေတာ စစ်ဆေးမှုနှင့် စိစစ်ရေးစနစ်ကို တိတ်တဆိတ်ထူထောင်ခဲ့သည်။
"တစ်ယောက်ယောက်က အင်တာနက်ပေါ်မှာ အန္တရာယ်များတဲ့ မှတ်ချက်တွေပေးလိုက်ရင် သူတို့ကအဲ့လူရဲ့အကောင့်ကို အလိုအလျောက် လော့ခ်ချပြီး အန္တရာယ်ရှိမရှိကို ကျွမ်းကျင်ပညာရှင်တွေကို ဆုံးဖြတ်ခိုင်းလိုက်မယ်။ အကြမ်းဖက်မှုတွေကို လုံးဝဖယ်ရှားလိုက်လို့မရပေမယ့် အနည်းဆုံးတော့ တစ်ချို့ကို အဆုံးသတ်လိုက်နိုင်တာပေါ့..."

YOU ARE READING
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Romanceဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...