Part 14

5K 455 1
                                    

Unicode
Chapter 14: ဘဝသည်အရာအားလုံးထက်အဖိုးတန်သည်

ကမ္ဘာပေါ်တွင် မတရားသောသူများရှိသည်ကို ယွီယောင်သိသည်။ သူတို့သည် ဥပဒေ၏ အခြေခံအား စိန်ခေါ်ရာတွင် စိတ်အားထက်သန်ကြပြီး သူတို့၏ပြစ်မှုများအား ကိုယ်ပိုင်စုဆောင်းမှုအတွက် သို့မဟုတ် သူတို့အား ထပ်ခါထပ်ခါ အသက်ပြန်ရှင်နိုင်ရန်အတွက် မှတ်တမ်းတင်ရသည်ကို ကြိုက်နှစ်သက်ကြသည်။ 

ထိုအထဲတွင် အများစုမှာ အမျိုးသမီးများအား အကြမ်းဖက်သော တိရစ္ဆာန်များဖြစ်သည်။ စိတ်ကျန်းမာရေးဆေးရုံ၏ဒါရိုက်တာမှာ သူတို့ထဲမှတစ်ဦးဖြစ်နေသည်မှာ သိသာထင်ရှားလှသည်။

ယွီယောင်သည် ဂရုတစိုက်နှင့် သူမ၏အရင်ဘဝမှ ဖတ်ရှုခဲ့သော ဝတ္ထုဇာတ်လမ်းအပြင် ဤဘဝတွင်သူမနိုးထလာသောအခါ သူမ၏ခန္ဓာကိုယ် အခြေအနေကို ပြန်လည်တွေးကြည့်ခဲ့သည်။ သူမသည် အရိုက်ခံရခြင်းနှင့် ဆေးထိုးခံရခြင်းမှလွဲ၍ နောက်ထပ်ပြင်းထန်သော အကြမ်းဖက်မှုများမခံစားရပေ။

ဖြစ်နိုင်သည်မှာ ယွီဝမ်နှင့် စိတ်ကျန်းမာရေးဆေးရုံမှဒါရိုက်တာသည် ယွီယောင်၏ဝိညာဉ်အား လုံးဝဖျက်ဆီးချင်ကြသောကြောင့် သူမသတိမေ့မျောနေစဉ် သူမအား ထိခိုက်ဒဏ်ရာမရစေလိုခြင်းဖြစ်သည်။ ထိုအစား သူတို့သည်သူမနိုးထနေသောအခါမှသာ နှိပ်စက်ခံရသော ဖြစ်စဉ်ကို သူမအား ‌ခံစားစေလိုသောကြောင့်ဖြစ်သည်။

သို့သော်လည်း ယွီယောင်၏ဓာတ်ပုံများနှင့် ဗီဒီယိုများသည် သူမ၏ ဂုဏ်သိက္ခာအား မထိခိုက်နိုင်ဟု 100% မသေချာပေ။

ဓာတ်ပုံများသည် သူမသတိမေ့မြောနေစဉ် ရိုက်ထားနိုင်သောကြောင့်ဖြစ်သည်။ ဗီဒီယိုများသည်လည်း လက်နက်တစ်ခုအဖြစ်အသုံးပြုနိုင်ပြီး တည်းဖြတ်ခြင်းနှင့် အခြားလှည့်ဖြားခြင်းနည်းလမ်းများဖြင့် သူတို့သည် သူမ၏ဂုဏ်သိက္ခာအားထိခိုက်စေနိုင်သည်။

ဓာတ်ပုံများနှင့် ဗီဒီယိုများ တကယ်ပင်ပေါက်ကြားသွားခဲ့လျှင် ယွီယောင်သည် သူမ၏ ပညာရေး၊အလုပ်နှင့် ဘဝတို့တွင်အကြီးအကျယ်သက်ရောက်သွားနိုင်သည်ဟု သေချာနေခဲ့သည်။ ထို့ပြင် လတ်တလော ကြီးမားသော အရှုပ်တော်ပုံများအကြားတွင်ရှိနေသည့် ယွီမိသားစုသည်လည်း ကြီးမားသော အပျက်သဘောဆောင်သည့် လူထုတုံ့ပြန်မှုများ ခံစားရမည်ဖြစ်သည်။

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။حيث تعيش القصص. اكتشف الآن