Chapter 124: လေယာဉ်ပျက်ကျခြင်း
လေယာဉ်ပျက်ကျမှုတဲ့။
ဤစကားလုံးများ သူ၏နားထဲသို့ ဝင်လာသောအခါ ယွီကျွယ်၏ခေါင်းထဲ တဆစ်ဆစ်ဖြစ်သွားခဲ့သည်။ အချိန်တစ်ခဏလောက် သူသည် ပြင်ပလောကမှ မည်သည့်အရာကိုမျှ မကြားနိုင်ခဲ့ပေ။
သူသည် သတင်းမှာ ဘာကိုဆိုလိုမှန်း နားလည်သွားသည့်အခါ နေရာတွင်ရပ်တန့်သွားခဲ့သည်။ သူသည် အစ်မရှု၏ လက်မောင်းအား တင်းကျပ်စွာကိုင်လိုက်ကာ သူမအား စူးစိုက်စွာ ကြည့်နေခဲ့သည်။ "တခြားလေယာဉ်သာဆို ဒီလိုသဘောထားမျိုးနဲ့ ကျွန်တော့်ကို ပြောမှာမဟုတ်ဘူး။ ဒါဆို ဒါကကျွန်တော့်မိဘတွေ စီးလာတဲ့လေယာဉ် ဟုတ်တယ်မလား"
အစ်မရှုနှင့် ယွီကျွယ်သည် နေ့တိုင်း အချင်းချင်း ထိတွေ့ဆက်ဆံခဲ့ကြသည်။ အပြင်ပန်းတွင် သူတို့သည် အပေါ်ယံနှင့်လုပ်ဖော်ကိုင်ဖက်သာ ဖြစ်ခဲ့သော်လည်း အစ်မရှုမှာ ယွီကျွယ်အား သူငယ်ချင်းအဖြစ်နှင့် တစ်ခါတလေတွင် မောင်ငယ်လေးတစ်ယောက်အဖြစ်ပင် ဆက်ဆံခဲ့သည်။
ဤသတင်းမှာ ယွီကျွယ်အတွက် ရက်စက်လွန်းခဲ့သည်။ သူမသည်နာကျင်စွာ ခေါင်းငြိမ့်ပြလိုက်သည်။ သူမ၏လက်မောင်းမှ နာကျင်မှုအား လျစ်လျူရှုရင်း သူမသည် ယွီကျွယ်လဲမကျသွားစေရန် ကာကွယ်ပေးနေခဲ့သည်။
"ယွီကျွယ် စိတ်အေးအေးထား။ ငါတို့အခုထိတိကျတဲ့သတင်းတွေ မရသေးဘူး။ အသက်ရှင်ကျန်ရစ်သူတွေလည်း ရှိဦးမှာပဲ။ ဦးလေးနဲ့အန်တီလည်း ကောင်းကင်ဘုံက ကောင်းချီးပေးလို့ အဆင်ပြေနိုင်တာပဲလေ"
ယွီကျွယ်အား ထိုင်ချရန် ကူညီခဲ့ရသည်။ သူသည် သူ၏အသိစိတ်အ တဖြည်းဖြည်းပြန်မရခင်တွင် သက်ပြင်းရှည်ကြီးချခဲ့သည်။ "ကျွန်တော့်ကို လက်မှတ်ဝယ်ပေး။ တတ်နိုင်သမျှအမြန် အိမ်ပြန်ချင်တယ်"
ဤသတင်းသည် လေဆိပ်၌ရှိသော မောင်နှမသုံးယောက်အားလည်း ထပ်တူထပ်မျှပင် လက်မခံနိုင်လောက်အောင်ဖြစ်နေခဲ့သည်။
လေဆိပ်မှာ ရှုပ်ထွေးနေခဲ့သည်။ ယွီမောင်နှမများကဲ့သို့ ခရီးသည်များအား လာကြိုရန်ရောက်လာကြသော မိသားစုဝင်များမှာလည်း မူးမေ့သွားခဲ့ကြသည်။ မြေပြင်အဖွဲ့သားများမှာ သူတို့အားကယ်ဆယ်ရန် ခေါ်သွားခဲ့ကြသည်။ ကြောက်ရွံ့မှုကြောင့် ငိုကြွေးနေကြသောလူများလည်း ရှိခဲ့သည်။ သူတို့၏ခံစားချက်များအား မထိန်းချုပ်နိုင်ဘဲ လေဆိပ်ဝန်ထမ်းအား တိုက်ခိုက်ခဲ့ကြသော လူများလည်းရှိခဲ့သည်...

KAMU SEDANG MEMBACA
အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။
Romansaဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာပါတယ်။ မူလကိုယ်မှာ အစ်ကိုတွေ ရှိပေမဲ့ အဲဒီအစ်ကိုတွေက သမီးအတုဆီကနေ မရုန်းထွက်နိုင်ဘဲနဲ့ ယွီယောင်ကို...