Part 39

2.7K 242 0
                                    

Unicode
Chapter 39: ခဏတာငြိမ်သက်မှု

ထုတ်လုပ်ရေးအဖွဲ့သားများ၏ မိတ်ဆက်ဗီဒီယိုနှင့် ယွီယောင်၏တက္ကသိုလ်ဘဝအကြောင်းယွမ်ကျင်းမှ အနည်းငယ် ဖော်ပြထားမှုနှစ်ခုလုံးမှာယွီယောင်၏နာမည်ကျော်ကြားစေမှုအား မြှင့်တင်ပေးသည်။ ရက်ပိုင်းအတွင်းတွင် ယွီယောင်၏ Weibo အကောင့်မှာ ပရိသတ်တစ်သန်းနီးပါးရရှိနေပြီဖြစ်သည်။

ယွီယောင်အားအထူးအာရုံစိုက်နေသော ယွီဝမ်သည် နာရီအနည်းငယ်ကြာတိုင်း သူမ၏အကောင့်ကို ကြည့်မိနေသည်။ ယွီယောင်၏ပရိသတ်များတိုးလာသည့်အရေအတွက်ကို သူမမြင်နိုင်သည်။

ဤသည်မှာ ယွီဝမ်အတွက် စိတ်ပိုင်းဆိုင်ရာနှိပ်စက်မှု ဖြစ်သော်လည်း သူမ၏ယွီယောင်အပေါ် ဒေါသဖြစ်မှုမှာ သူမ၏အစီအစဉ်‌အား ဆောင်ရွက်ရန်အတွက် သူမ၏တွန်းအားပေးမှုဖြစ်သောကြောင့် ဤအပြုအမူအား သူမ မရပ်တန့်နိုင်ပါ။

ယွီဝမ် ဆက်သွယ်သောလူမှာ ကုဒ်ဝှက်ထားသောစာရွက်ရစာတမ်းအား ပို့ပေးလိုက်သည်။ ယွီဝမ်သည် ၎င်းအကြောင်းအရာများအား ဖတ်ပြီးနောက် မကျေနပ်ခဲ့ပေ။

မှောင်မိုက်ကာလျှို့ဝှက်ဆန်းကြယ်သော စာပို့သည့်ပြတင်းပေါက်မှတစ်ဆင့် သူမသည်မေးလိုက်သည်။ “ဘာလို့ ဒီလိုမျိုးပုံတွေနဲ့ ဗီဒီယိုတွေပဲ ရှိနေရတာလဲ။ ဒါတွေက ယွီယောင်သတိမေ့နေတုန်းက ရိုက်‌ထားတာတွေပဲ။ စွပ်စွဲချက်တွေ ရှောင်ဖို့ဟိုတယ်မှာ နေနေတုန်း လျှို့ဝှက်ကင်မရာကနေ အရိုက်ခံရတဲ့အကြောင်း ဆင်ခြေတချို့ကို သူသုံးဖို့ပဲလိုတာ။ သူ့ကို တကယ်ထိခိုက်စရာအကြောင်း လုံးဝမရှိဘူး”

သူမ၏နာမည်နှင့်လိပ်စာများအား အထူးနည်းလမ်းများဖြင့် ဝှက်ထားခဲ့သော သူမ၏စကားဝိုင်းသည် “သူက မိန်းမငယ်လေးပါပဲ။ သူငါတို့ကို လွတ်ထားတာ နှမြောစရာဆိုပေမယ့် ငါတို့ကိုလည်း လုံးဝမခြိမ်းခြောက်နိုင်ပါဘူး။ နင်က သူ့ကို အနိုင်ယူဖို့ဘာကြောင့် အဲ့လောက်အားအရမ်းစိုက်နေလဲ ငါနားမလည်ဘူး”

ယွီဝမ်၏စိတ်ထဲတွင် ဒေါသများနှင့်လောင်ကျွမ်းနေသည်။ “နင် ဘာမှ နားမလည်ပါဘူး။ နင်တို့လိုလူတွေကို ရဲတွေကပစ်မှတ် ထားနေတာကြောင့် ပုန်းနေဖို့ပဲ တတ်နိုင်တယ်။ ဒါတွေအားလုံး သူ့ကြောင့်ပဲ။ သူသာ ယွီမိသားစုကို စိတ်ကျန်းမာရေး ဆေးရုံကို အပြစ်ပေးဖို့ မပြောရင် နင်တို့အားလုံး အခုအင်တာနက်ရဲ့ ထောင့်တစ်နေရာမှာ ပုန်းနေရမလား။ နင်တို့ဘာကြောင့် ဒေါ်လာသန်းရာချီပေါင်းများစွာကို ဆုံးရှုံးသွားရမှာလဲ”

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Where stories live. Discover now