Part 70

1.9K 171 0
                                    

70 01

Chapter 70: ယွီဝမ်၏တုံ့ပြန်မှု

အင်တာနက်သုံးစွဲသူများ အားလုံးမှာ အမှန်တရားအား ဖော်ထုတ်ချင်ခဲ့ကြသည်။ ယွီယောင်သည် ယွီမိသားစုထဲ အဘယ်ကြောင့် မကြီးပြင်းခဲ့ရဘဲ ယွီမိသားစုနှင့် သွေးသား မတော်စပ်သော မိန်းကလေးဖြစ်သည့် ယွီဝမ်မှာ ဤမိသားစုဝင် ဖြစ်လာသည်ကို သိချင်နေခဲ့ကြသည်။ ယွီယောင်အား ရှာတွေ့ပြီးနောက် ယွီမိသားစု၏ ယွီဝမ်အပေါ် သဘောထားမှာ အဘယ်ကြောင့် လျော့သွားသည်ကို ပို၍ပင် သိချင်ခဲ့ကြသည် ...

ယွီဝမ်သည် ယွီမိသားစုသို့ ပြန်လာသော သမီးအရင်းအား မနာလို ဖြစ်သောကြောင့်လား။ သို့မဟုတ် သမီးအရင်းဖြစ်သည့် ယွီယောင်မှာ 18နှစ်ကြာ သူမ၏ဘဝအား ပိုင်ဆိုင်ထားခဲ့သော သမီးအတုအား စိတ်ထားသေးသိမ်၍ သည်းမခံနိုင်သည်လား။

မည်ကဲ့သို့ အခြေအနေမျိုးပဲဖြစ်ဖြစ် ဇာတ်ကွက်မှာ လုံလောက်စွာ မြူးကြွကာ ဆွဲဆောင်မှု ရှိသည်။ အင်တာနက်သုံးစွဲသူများသည် ယွီကျွယ်နှင့် ယွီယောင်တို့၏ ဆိုရှယ်မီဒီယာအကောင့်များပေါ်တွင် မှတ်ချက်များ ပေးခဲ့ရုံသာမက သူတို့သည် ယွီဝမ်၏ Weiboအကောင့်ကိုပါ သိရှိခဲ့ကြသည်။

ယွီဝမ်သည် ပရိသတ်ပေါင်း တစ်သန်းကျော်ရှိသော အွန်လိုင်းနာမည်ကြီးတစ်ယောက် ဖြစ်သည်။ သူမယခင်ကတင်‌ထားခဲ့သော ပုံများနှင့် ဗီဒီယိုများသည် သူမ၏မျက်နှာကို တစ်ခါမှ မပြခဲ့ပေ။ သူမသည် သူမဘဝ၏အတိုအထွာများကိုသာ ပြသထားသည်။

ယခင်ဓာတ်ပုံများမှ ယွီဝမ်သည် သူမ ငယ်စဉ်ကတည်းက အလွန်ချမ်းသာသော မိသားစုထဲတွင် နေခဲ့ရသည် ကို မြင်နိုင်သည်။

သူမငယ်ရွယ်စဉ်တွင် သူမသည် မကြာခဏ အကနှင့် ဂီတအတန်းများသို့ သွားလေ့ရှိသည်။ သူမသည် အနုပညာနှင့် မြင်းစီးပညာကိုပင် လေ့လာခဲ့သောကြောင့် သူမသည် တက္ကသိုလ်ကောင်းသို့ အလိုအလျောက် တက်ရောက်နိုင်လိုက်သည်။ သူမ၏ ပုံမှန်စားသုံးနေကျ နေရာမှာ အဆင့်မြင့် နာမည်ကြီးနေရာ ဖြစ်ကာ ဇိမ်ခံပစ္စည်းများ အားလုံးကို သူမ၏ဓာတ်ပုံများထဲတွင် နေရာတိုင်းမြင်ရသည် ...

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။حيث تعيش القصص. اكتشف الآن