Part 85

1.4K 106 0
                                    

85 01

Chapter 85: သဘောထားပြောင်းလဲခြင်း

ယွီဝမ်သည် အချိန်အတော်ကြာ သူမကိုယ်သူမ ထိန်းချုပ်ထားပုံပေါ်ကာ သူမ၏စိတ်ကျဉ်းကျပ်မှုအား ဖော်ပြရန် အခွင့်အရေးအား နောက်ဆုံး၌ရှာတွေ့ခဲ့သည်။

သူမသည် အလွန်စိတ်ခံစားချက်အပြည့်နှင့် ပြောခဲ့သည်။ "အစ်ကိုငယ်ရော အစ်ကိုကြီးနဲ့အစ်ကိုလတ်အားလုံး‌က သူနဲ့နေဖို့အိမ်ပြောင်းသွားကြတယ်။ အစ်ကိုလတ်က မမယွီယောင်အတွက် သုတေသနဌာနမှာတောင် သူ့အလုပ်တွေ ဆိုင်းငံ့ထားပြီး ဧည့်ပါမောက္ခဖြစ်ဖို့ သူ့ကျောင်းကိုသွားခဲ့တယ်။ အစ်ကိုငယ်လည်း ဒီရသစုံရှိုးမှာပါဖို့ မမယွီယောင်ကို အထူးတလည်ခေါ်လာခဲ့တယ်။ အစ်ကိုကြီးက မမယွီယောင်အတွက် ပိုပြီးတော့တောင်လုပ်ပေးသေး။ မမယွီယောင်လုပ်ချင်တာက ကုမ္ပဏီရဲ့အကျိုးအမြတ်တွေအတွက် ဘယ်လိုပဲခြိမ်းခြောက်နေပါစေ အစ်ကိုကြီးက တုံ့ဆိုင်းမနေဘဲ သူ့ကိုကူညီပေးတယ်..."

ယွီကျွယ်ပို၍နားထောင်လေလေ သူ၏မျက်မှောင်များပိုကြုံ့လာလေဖြစ်သည်။ "နင်ဘာပြောချင်နေတာလဲ"

ယွီယောင်၏အသံမှာ သူမ၏မျက်ရည်များဝဲလာသောကြောင့် ရှိုက်သံအနည်းငယ်ပါလာခဲ့သည်။ "အစ်ကိုငယ်၊ ညီမကိုအစ်ကိုဆက်ဆံသလိုမျိုး မမယွီယောင်ကိုဆက်ဆံရင် ညီမဘာမှစောဒကတက်စရာမရှိပါဘူး။ အစ်ကိုတို့က မမယွီယောင်အပေါ်တော့ အရမ်းကောင်းပြီး ညီမကလည်း အစ်ကိုတို့ရဲ့ ညီမလေးဖြစ်တာကို လုံးဝမေ့သွားပြီလို့ ထင်တယ်။ ဒါကြောင့်ညီမက အစ်ကိုတို့ကို ဆုံးရှူံးသွားပြီလို့ ခံစားရတယ်။ ဒါကြောင့် မမယွီယောင်ရှေ့မှာ ဒီလိုစကားတွေပြောမိတာပါ။ ဒါကညီမတို့နှစ်ယောက်ကြား ပဋိပက္ခတွေသာတိုးလာပြီး အစ်ကိုတို့ကညီမကို ပိုပြီးမုန်းလာအောင်ပဲ လုပ်မိတယ်..."

သူမ၏စကားလုံးများတွင် သရော်မှုများပြည့်နေခဲ့သည်။ "အစ်ကိုငယ် ညီမကအရမ်းတုံးနေတာလား။ ညီမအစ်ကိုတို့နဲ့ ပိုပြီးရင်းရင်းနှီးနှီး‌ရှိချင်ပေမယ့် ပိုဆိုးအောင်ပဲလုပ်မိနေတယ်..."

သူမသည် နောက်ဆုတ်ချင်ယောင်ဆောင်သော်လည်း တကယ်တမ်း၌ ရှေ့တိုးနေခြင်းဖြစ်သည်။ ယွီကျွယ်သည် သူ၏စိတ်ထဲ၌ တိတ်တဆိတ်သက်ပြင်းချမိခဲ့သည်။ သူသည် သူ၏အရင်ဘဝမှ မှတ်ဉာဏ်များမရှိခဲ့လျှင် သူ၏စိတ်မှာ ယွီယောင်၏ရိုးသားသောဝန်ခံချက်နှင့် ရင်ဆိုင်‌ရသောအခါ နူးညံ့သွားလိမ့်မည်ဖြစ်သည်။ ကံမကောင်းစွာနှင့် သူသည်သူမ၏သရုပ်မှန်အား သိခဲ့ပြီဖြစ်ကာ ဤကဲ့သို့လှပသောစကားလုံးများကြောင့် စိတ်သက်သာရာရမည်မဟုတ်ပေ။

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Where stories live. Discover now