Part 24

4K 291 0
                                    

Unicode

Chapter 24: ဝံပုလွေများနှင့်တိုက်ပွဲ

အားလုံးထဲတွင် လူတိုင်းနီးပါး၏အာရုံစိုက်မှုကို ခံနေရသော ယွီယောင်မှာ ဒုက္ခရောက်နေသည်။ သူမ၏စိုးရွံသော မျှော်လင့်ချက်များအောက်တွင် ဤလူများ၏ ထိပ်တိုက်ရင်ဆိုင်မှုများနှင့် စိတ်ကျေနပ်မှုများသည် နောက်ဆုံးတွင် အဆုံးသတ်သွားခဲ့သည်။

ရှောင်းလျန်၏ သက်တော်စောင့်များမှာလည်း ကားကို‌မောင်းလာခဲ့သည်။ ရှောင်းလျန်သည် ယနေ့တွင် သူ၏လမ်းဘေးကြောင်အား ပြန်ပေးဆွဲရန် နည်းလမ်းလုံးဝမရှိသည်ကို နားလည်သဘောပေါက်ခဲ့သည်။

တက္ကသိုလ်ခေါင်းဆောင်များအား နှုတ်ဆက်ပြီးသည့်နောက် သူသည်ယွီယောင်အား ပြောလိုက်သည်။ “မင်းအတွက် သင့်တော်တဲ့အချိန်ပိုင်းအလုပ်ကို ငါတွေ့ထားတယ်။ အချိန်မရွေး‌ ဖုန်းဆက်လိုက်ပါ။ ငါ့ရဲ့ဖုန်းနံပါတ်အသေးစိတ်ကို မေ့သွားတာတော့ မဟုတ်ဘူးမလား”

“ဒါပေါ့။ မမေ့ပါဘူး” ယွီယောင်သည် သူ့အား နှုတ်ဆက်ခဲ့သည်။ “‌ကောင်းကောင်းသွားပါ။ နောက်ကျရှင့်ကို ဆက်သွယ်လိုက်ပါမယ်”

ရှောင်းလျန်၏ကားထွက်သွားပြီးသည့်နောက် ယွီဟန်သည် တက္ကသိုလ်ခေါင်းဆောင်များနှင့် စကားအနည်းငယ်ပြောကာ ယွီယောင်အားအိမ်သို့ ပြန်ခေါ်သွားရန် ပြင်ဆင်ခဲ့သည်။

သူသည်ရှောင်းလျန်အကြောင်းမပြောပဲ‌မနေနိုင်ခဲ့ပေ။ “ယောင်ယောင်၊ မင်းနဲ့မစ္စတာရှောင်းက...”

ယွီယောင်သည် ယွီဟန်အား ‌တည်ငြိမ်စွာကြည့်လိုက်သည်။ “ရှင် ဘာမေးချင်လဲကျွန်မသိတယ်။ စိတ်မပူပါနဲ့။ ကျွန်မတို့ဆက်ဆံရေးက ရှင်ထင်သလို မဟုတ်ပါဘူး”

ယွီဟန်သည် စိတ်သက်သာရာရသွားသောကြောင့် သက်ပြင်းချနိုင်ခဲ့သည်။ “ကောင်းတယ်။ သူက ရှုပ်‌ထွေးတဲ့ကောင်ပဲ။ သူနဲ့ အရမ်းနီးနီးကပ်ကပ်မနေနဲ့”

ယွီယောင်သည် ဆက်ပြောလိုက်သည်။ “သူ့ကြောင့်သာမဟုတ်ရင် အဲ့ညက စိတ်ကျန်းမာရေးဆေးရုံမှာ ကျွန်မကို ဖမ်းခေါ်သွားကြမှာပဲ။ သူက မရိုးသားတာသိပေမဲ့ ကျွန်မကို မထိခိုက်စေဘူးဆိုတာ ကျွန်မယုံတယ်”

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။Dove le storie prendono vita. Scoprilo ora